တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း အသက္(၁၅)ႏွစ္အရြယ္ အိမ္ေထာင္ရွင္ မိန္းကေလး တစ္ဦး အဓမၼျပဳက်င့္ခံရ

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း အသက္(၁၅)ႏွစ္အရြယ္ အိမ္ေထာင္ရွင္ မိန္းကေလး တစ္ဦး အဓမၼျပဳက်င့္ခံရ
ဇူလိုင် 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕၊ ၀မ္ေကာင္းရပ္ကြက္အတြင္း၌ အသက္(၁၅)ႏွစ္အရြယ္ အိမ္ေထာင္ရွင္ မိန္းကေလးအား အသက္(၂၀)ႏွစ္ရွိ ေယာက္်ားမွ အဓမၼျပဳက်င့္မႈ ျဖစ္ပြားၿပီးေနာက္ ျပဳက်င့္သူမွ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အတြင္း၊ ဘုရင့္ေနာင္ေစ်းအနီးရွိ ေနအိမ္တြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၁၈)ရက္ေန႔  ညေန(၄)နာရီ၀န္းက်င္က အသက္(၁၅)ႏွစ္ရွိ မ....သည္ ေနအိမ္ထဲရွိ ေရခ်ဳိးခန္းတြင္ အ၀တ္ ေလွ်ာ္ေနစဥ္ ၎ႏွင့္ ယခင္က ခင္မင္ရင္းႏွီးခဲ့သူဟု ဆိုသည့္   အသက္(၂၀)၀န္းက်င္ရွိ ေနလင္းဦးမွ ေရာက္ရွိလာၿပီး  အသင့္ပါလာသည့္ ဓါးျဖင့္ ၿခိမ္းေျခာက္ေျပာဆိုကာ အဓမၼျပဳက်င့္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ မ... သည္ တံခါးဖြင့္ကာ အိမ္အျပင္သို႔ ထြက္ေျပးခဲ့ၿပီး အိမ္ေရွ႕တြင္ ရပ္တန္႔ထားသည့္ ဆိုင္ကယ္ျဖင့္ မိခင္ျဖစ္သူထံ သြားေရာက္ကာ ျဖစ္စဥ္အား အသိေပး ေျပာလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"တရားခံကေတာ့ ထြက္ေျပးေနလို႔ လိုက္ရွာေနတုန္းပဲ။ ေကာင္မေလးက အိမ္ေထာင္ရိွတယ္။ ရတာမၾကာေသးဘူး။ အခုျဖစ္တဲ့ ေကာင္ေလးနဲ႔လည္း အရင္က အဆက္အသြယ္ရိွတဲ့ သေဘာ။ အခုျဖစ္တဲ့ေကာင္ေလးကလည္း သူမိဘေတြက ဆိုးလို႔ ပစ္ထားတဲ့ေကာင္ေလး ျဖစ္ေနတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အဓမၼျပဳက်င့္ၿပီး ထြက္ေျပးတိမ္ေရွာင္ေနသူအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ားကို စံုစမ္းရွာေဖြေနေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၉၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း၌ အသက်(၁၅)နှစ်အရွယ် အိမ်ထောင်ရှင် မိန်းကလေးအား အသက်(၂၀)နှစ်ရှိ ယောက်ျားမှ အဓမ္မပြုကျင့်မှု ဖြစ်ပွားပြီးနောက် ပြုကျင့်သူမှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း၊ ဘုရင့်နောင်ဈေးအနီးရှိ နေအိမ်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က အသက်(၁၅)နှစ်ရှိ မ....သည် နေအိမ်ထဲရှိ ရေချိုးခန်းတွင် အဝတ် လျှော်နေစဉ်၎င်းနှင့် ယခင်က ခင်မင်ရင်းနှီးခဲ့သူဟု ဆိုသည့် အသက်(၂၀)ဝန်းကျင်ရှိ နေလင်းဦးမှ ရောက်ရှိလာပြီး အသင့်ပါလာသည့် ဓားဖြင့် ခြိမ်းခြောက်ပြောဆိုကာ အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနောက် မ... သည် တံခါးဖွင့်ကာ အိမ်အပြင်သို့ ထွက်ပြေးခဲ့ပြီး အိမ်ရှေ့တွင် ရပ်တန့်ထားသည့် ဆိုင်ကယ်ဖြင့် မိခင်ဖြစ်သူထံ သွားရောက်ကာ ဖြစ်စဉ်အား အသိပေး ပြောလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"တရားခံကတော့ ထွက်ပြေးနေလို့ လိုက်ရှာနေတုန်းပဲ။ ကောင်မလေးက အိမ်ထောင်ရှိတယ်။ ရတာမကြာသေးဘူး။ အခုဖြစ်တဲ့ ကောင်လေးနဲ့လည်း အရင်က အဆက်အသွယ်ရှိတဲ့ သဘော။ အခုဖြစ်တဲ့ကောင်လေးကလည်း သူမိဘတွေက ဆိုးလို့ ပစ်ထားတဲ့ကောင်လေး ဖြစ်နေတယ်။"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အဓမ္မပြုကျင့်ပြီး ထွက်ပြေးတိမ်ရှောင်နေသူအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များကို စုံစမ်းရှာဖွေနေကြောင်းနှင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၉၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net