တာခ်ီလိတ္ခရိုင္အတြင္း ဆရာ၊ ဆရာမ မရိွသည့္ အေျခခံပညာမူလတန္းေက်ာင္း (၅) ေက်ာင္းအတြက္ ေန႔စား၊ လေပးမ်ား ခန္႔ထားမည္

တာခ်ီလိတ္ခရိုင္အတြင္း ဆရာ၊ ဆရာမ မရိွသည့္ အေျခခံပညာမူလတန္းေက်ာင္း (၅) ေက်ာင္းအတြက္ ေန႔စား၊ လေပးမ်ား ခန္႔ထားမည္
ဇူလိုင် 2, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္အတြင္း ဆရာ၊ ဆရာမ မရိွသည့္ အေျခခံပညာမူလတန္းေက်ာင္း(ခြဲ) (၅) ေက်ာင္းအပါအဝင္ ဆရာ၊ ဆရာမ လိုအပ္ခ်က္ရိွေနသည့္ ေက်ာင္းမ်ားအတြက္ ေန႔စား၊ လေပး ဆရာ၊ ဆရာမမ်ား ခန္႔အပ္ႏိုင္ရန္ စီစဥ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

"တာခ်ီလိတ္ခရိုင္မွာေတာ့ ေက်ာင္းသား၊ ဆရာ အခ်ိဳးၾကည့္လိုက္လို႔ရိွရင္ မူလတန္းျပ ဆရာ၊ ဆရာမ ေတာ္ေတာ္လိုပါတယ္။ မေန႔ကကၽြန္ေတာ္ တာ၀န္ရိွတဲ့ ဆရာ၊ ဆရာမေတြ၊ ေက်ာင္းအုပ္ေတြနဲ႔ေမးၾကည့္တဲ့အခါက်ေတာ့ ဆရာ၊ ဆရာမ လံုး၀မရိွတဲ့ မူလတန္းေက်ာင္းခြဲက (၅) ေက်ာင္းရိွပါတယ္။ ပံုမွန္အားျဖင့္ဆိုရင္ မူလတန္းေက်ာင္းမွာ ဆရာ၊ ဆရာမျဖည့္ေပးႏိုင္ျခင္းမရိွပါဘူး။ မိဘရဲ႕အစီအမံ၊ ေဒသရဲ႕အစီအမံနဲ႔ပဲ ေဆာင္ရြက္ေပးရတာပါ။ ဒါေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ကၽြန္ေတာ္တို႔ စီမံေဆာင္ရြက္ေနပါတယ္။ ခ်က္ခ်င္းျဖည့္ဆည္းေပးဖို႔လိုအပ္ေနတဲ့အတြက္ အတည္ျပဳခန္႔ထားေရးအတြက္သည္ ဘယ္လိုမွအခ်ိန္မီေဆာင္ရြက္ႏိုင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္မို႔ ကၽြတ္ေတာ္တို႔ အခုဆိုရင္ မူလတန္းျပလိုအပ္ေနတဲ့ (၄,၀၀၀) ေက်ာ္၊ အလယ္တန္းျပ (၇,၀၀၀) ေက်ာ္၊ အထက္တန္းျပ (၃,၀၀၀) ေက်ာ္၊ ဒါေတြကို ေန႔စားခန္႔ဖို႔အတြက္ကို ယွဥ္ၿပိဳင္ေျဖမယ္၊ သင္တန္းေပးမယ္၊ ခန္႔ႏိုင္ဖို႔အတြက္ ကၽြန္ေတာ္စီစဥ္ေဆာင္ရြက္ေနတယ္"ဟု ပညာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာ မ်ိဳးသိမ္းႀကီးက တာခ်ီလိတ္ ကေလးစာေပပြဲေတာ္ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ပညာေရး၀န္ႀကီးဌာန အေနျဖင့္ လိုအပ္သည့္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းအေဆာက္အဦးမ်ားကို ႏိုင္ငံေတာ္မွ ခြင့္ျပဳေပးႏိုင္သည့္ ဘ႑ာေရး အေနအထားအရ ျဖည့္ဆည္းေဆာင္ရြက္ေပးေနၿပီး ယခုႏွစ္တြင္ အေျခခံပညာေက်ာင္းေပါင္း (၅,၆၅၁) ေက်ာင္းကို ေက်ာင္းအဆင့္တိုးျမႇင့္ သတ္မွတ္ေပးထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ၿမိဳ႕ေပၚတြင္ စာသင္ေက်ာင္း (၂၂) ေက်ာင္း၊ မိုင္းဖုန္းေက်းရြာအုပ္စုတြင္ (၁၅) ေက်ာင္း၊ တာေလၿမို႕တြင္  (၂၁) ေက်ာင္း၊ ေဟာင္လိတ္ေက်းရြာအုပ္စုတြင္  (၁၈) ေက်ာင္း၊ မိုင္းကိုးေက်းရြာအုပ္စုတြင္  (၂၁) ေက်ာင္း၊ ပါလိုင္ေက်းရြာအုပ္စုတြင္  (၉) ေက်ာင္းႏွင့္ က်ိဳင္းလပ္ၿမို႕တြင္  (၂၁) ေက်ာင္း စုစုေပါင္း (၁၂၇) ေက်ာင္းရိွေၾကာင္း သိရသည္။

Tachileik News Agency
သတင္း  - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း ဆရာ၊ ဆရာမ မရှိသည့် အခြေခံပညာမူလတန်းကျောင်း(ခွဲ) (၅) ကျောင်းအပါအဝင် ဆရာ၊ ဆရာမ လိုအပ်ချက်ရှိနေသည့် ကျောင်းများအတွက် နေ့စား၊ လပေး ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

"တာချီလိတ်ခရိုင်မှာတော့ ကျောင်းသား၊ ဆရာ အချိုးကြည့်လိုက်လို့ရှိရင် မူလတန်းပြ ဆရာ၊ ဆရာမ တော်တော်လိုပါတယ်။ မနေ့ကကျွန်တော် တာဝန်ရှိတဲ့ ဆရာ၊ ဆရာမတွေ၊ ကျောင်းအုပ်တွေနဲ့မေးကြည့်တဲ့အခါကျတော့ ဆရာ၊ ဆရာမ လုံးဝမရှိတဲ့ မူလတန်းကျောင်းခွဲက (၅) ကျောင်းရှိပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် မူလတန်းကျောင်းမှာ ဆရာ၊ ဆရာမဖြည့်ပေးနိုင်ခြင်းမရှိပါဘူး။ မိဘရဲ့အစီအမံ၊ ဒေသရဲ့အစီအမံနဲ့ပဲ ဆောင်ရွက်ပေးရတာပါ။ ဒါတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့ စီမံဆောင်ရွက်နေပါတယ်။ ချက်ချင်းဖြည့်ဆည်းပေးဖို့လိုအပ်နေတဲ့အတွက် အတည်ပြုခန့်ထားရေးအတွက်သည် ဘယ်လိုမှအချိန်မီဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကျွတ်တော်တို့ အခုဆိုရင် မူလတန်းပြလိုအပ်နေတဲ့ (၄,ဝဝဝ) ကျော်၊ အလယ်တန်းပြ (၇,ဝဝဝ) ကျော်၊ အထက်တန်းပြ (၃,ဝဝဝ) ကျော်၊ ဒါတွေကို နေ့စားခန့်ဖို့အတွက်ကို ယှဉ်ပြိုင်ဖြေမယ်၊ သင်တန်းပေးမယ်၊ ခန့်နိုင်ဖို့အတွက် ကျွန်တော်စီစဉ်ဆောင်ရွက်နေတယ်"ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက တာချီလိတ် ကလေးစာပေပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန အနဖြေင့် လိုအပ်သည့် ဆရာ၊ ဆရာမများ၊ ကျောင်းအဆောက်အဦးများကို နိုင်ငံတော်မှ ခွင့်ပြုပေးနိုင်သည့် ဘဏ္ဍာရေး အနေအထားအရ ဖြည့်ဆည်းဆောင်ရွက်ပေးနပြေီး ယခုနှစ်တွင် အခြေခံပညာကျောင်းပေါင်း (၅,၆၅၁) ကျောင်းကို ကျောင်းအဆင့်တိုးမြှင့် သတ်မှတ်ပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မြို့ပေါ်တွင် စာသင်ကျောင်း (၂၂) ကျောင်း၊ မိုင်းဖုန်းကျေးရွာအုပ်စုတွင်  (၁၅) ကျောင်း၊ တာလမြေို့တွင်  (၂၁) ကျောင်း၊ ဟောင်လိတ်ကျေးရွာအုပ်စုတွင်  (၁၈) ကျောင်း၊ မိုင်းကိုးကျေးရွာအုပ်စုတွင်  (၂၁) ကျောင်း၊ ပါလိုင်ကျေးရွာအုပ်စုတွင် (၉) ကျောင်းနှင့် ကျိုင်းလပ်မြို့တွင်  (၂၁) ကျောင်း စုစုပေါင်း (၁၂၇) ကျောင်းရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net