တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် နှစ်ရက်အတွင်း ဆိုင်ကယ်မောင်းလိုင်စင် လာရောက် ပြုလုပ်သူ (၁၃၃)ဦးရှိ

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် နှစ်ရက်အတွင်း ဆိုင်ကယ်မောင်းလိုင်စင် လာရောက် ပြုလုပ်သူ (၁၃၃)ဦးရှိ
ဇူလိုငျ 12, 2019
By Tachileik News Agency




ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,၀၀၀)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,၀၀၀)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,၀၀၀) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချီိလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓါတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အများပြည်သူများ အဆင်ပြေရေးနှင့် ဆိုင်ကယ်မောင်းလိုင်စင် မရှိသေးသူများ ရရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း တစ်လလျှင် (၂)ကြိမ်ဝန်းကျင်အထိ ဆောင်ရွက်ပေးလေ့ရှိကြောင်း သိရသည်။

ယခုလို ပြုလုပ်ပေးနေခြင်းသည် ဆိုင်ကယ်မောင်းလိုင်စင်မရှိသေးသူများအတွက်သာဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ရုံးဖွင့်ရက်များတွင် နေ့စဉ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်းလိုင်စင်များကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ (၆၈)ဦး လာရောက်လုပ်ဆောင်ခဲ့ပြီး ဇူလိုင်လ(၁၁)ရက် နှင့် ဇူလိုင်လ(၁၂)ရက်နေ့များ စုစုပေါင်း (၁၃၃)ဦး လာရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှမ်းရိုးမကွင်းအတွင်း ၂၀၁၉ ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့က ဆောင်ရွက်ပေးရာတွင် (၆၅)ဦး၊ ဇူလိုင်လ(၁၂)ရက်နေ့တွင် (၆၈)ဦး လာရောက် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

"ဒီနေ့ လာလုပ်တဲ့သူတွေကို သြဂုတ်လ (၂) ရက်နေ့မှာ လိုင်စင်ထုတ်ပေးမယ်"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချိီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်လိုသူများသည် မှတ်ပုံတင် မူရင်း/မိတ္တူ၊ လိုင်စင်ဓာတ်ပုံတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနဖြေင့် အများပြည်သူများ အဆင်ပြေရေးနှင့် ဆိုင်ကယ်မောင်းလိုင်စင် မရှိသေးသူများ ရရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း တစ်လလျှင် (၂)ကြိမ်ဝန်းကျင်အထိ ဆောင်ရွက်ပေးလေ့ရှိကြောင်း သိရသည်။

ယခုလို ပြုလုပ်ပေးနခြေင်းသည် ဆိုင်ကယ်မောင်းလိုင်စင်မရှိသေးသူများအတွက်သာဖြစ်ပြီး ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနဖြေင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ လာရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး လိုင်စင်မဲ့ ဆိုင်ကယ်များကိုလည်း ရုံးဖွင့်ရက်များတွင် နေ့စဉ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net