တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေရႊလုပ္ကြက္ ဗီဇာစည္းကမ္းခ်ိဳးေဖါက္မႈျဖင့္ ဖမ္းဆီးရမိသည့္ တရုတ္ႏုိင္ငံသား (၅)ဦးကို (၁၀)ရက္အၾကာတြင္ က်ပ္ငါးသိန္းစီ ဒဏ္ရိုက္ကာ ျပည္ႏွင္

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ေရႊလုပ္ကြက္ ဗီဇာစည္းကမ္းခ်ိဳးေဖါက္မႈျဖင့္ ဖမ္းဆီးရမိသည့္ တရုတ္ႏုိင္ငံသား (၅)ဦးကို (၁၀)ရက္အၾကာတြင္ က်ပ္ငါးသိန္းစီ ဒဏ္ရိုက္ကာ ျပည္ႏွင္
ဇူလိုင် 4, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ႏိုင္ရတနာေရႊႀတိဂံကုမၸဏီ၏ ေရႊလုပ္ကြက္အတြင္းမွ ဖမ္းဆီးရမိထားသည့္ တရုတ္နုိင္ငံသား (၅)ဦးကို (၁၀)ရက္အၾကာတြင္ ဗီဇာစည္းကမ္းခ်ိဳးေဖါက္မႈျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၄)ရက္ေန႔ နံနက္က ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၁)မွေန၍ ျပည္ႏွင္ဒဏ္ေပးလုိက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ က်ိဳင္းလပ္ၿမိဳ႕၊ နမ့္ခင္းေက်းရြာအုပ္စု၊ ဝမ္မီးေကာင္ေက်းရြာ အေရွ႕ဘက္ (၅) မိုင္ခန္႔အကြာရိွ ေရႊလုပ္ကြက္အတြင္းမွ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၄) ရက္ေန႔တြင္ အဆိုပါတရုတ္ႏုိင္ငံသားမ်ားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္းသိရသည္။

"သူတို႔မွာ ဗီဇာေတြပါတယ္။ တရာ၀င္ ၀င္လာတာေပါ့။ ဒါေပမယ့္ဗီဇာစည္းကမ္းခ်ိဳးေဖာက္မႈနဲ႔ ဒဏ္ေငြ (၅) သိန္း ခ်မွတ္တယ္။ ဒဏ္ေငြမေပးရင္ ေထာင္ (၆) လက်မွာပါ။ သူတို႔က ဒဏ္ေငြေဆာင္လို႔ လာရာလမ္းအတိုင္း ျပည္ႏွင္တာပါ"ဟု လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဦးစီးဌာနမွ တာ၀န္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ျမန္မာႏိုင္ငံအတြင္းသို႔ တာခ်ီလိတ္ ႏွင့္ မယ္ဆိုင္အၾကားရွိ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွ တဆင့္ တရား၀င္ ၀င္ေရာက္လာသည့္ တရုတ္ႏိုင္ငံသားမ်ားျဖစ္သည့္ Jin Xigang၊ Liu Tianai၊ Liu Hailong၊ Chen Yuejin ႏွင့္ Tin Tierong တို႔အား ျမန္မာႏိုင္ငံလူ၀င္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ-၄(၁)က်ဴး/ ၁၃(၁)အရ အေရးယူေဆာင္ရြက္ၿပီးသျဖင့္ လာရာလမ္းအတိုင္း ျပည္ႏွင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း နိုင်ရတနာရွှတြေိဂံကုမ္ပဏီ၏ ရွှေလုပ်ကွက်အတွင်းမှ ဖမ်းဆီးရမိထားသည့် တရုတ်နိုင်ငံသား (၅)ဦးကို (၁၀)ရက်အကြာတွင် ဗီဇာစည်းကမ်းချိုးဖောက်မှုဖြင့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၄)ရက်နေ့ နံနက်က မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၁)မှနေ၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ဝမ်မီးကောင်ကျေးရွာ အရှေ့ဘက် (၅) မိုင်ခန့်အကွာရှိ ရွှေလုပ်ကွက်အတွင်းမှ ၂၀၁၉ ခုနှစ် ဇွန်လ (၂၄) ရက်နေ့တွင် အဆိုပါတရုတ်နိုင်ငံသားများအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။

"သူတို့မှာ ဗီဇာတွေပါတယ်။ တရာဝင် ဝင်လာတာပေါ့။ ဒါပေမယ့်ဗီဇာစည်းကမ်းချိုးဖောက်မှုနဲ့ ဒဏ်ငွေ (၅) သိန်း ချမှတ်တယ်။ ဒဏ်ငွေမပေးရင် ထောင် (၆) လကျမှာပါ။ သူတို့က ဒဏ်ငွေဆောင်လို့ လာရာလမ်းအတိုင်း ပြည်နှင်တာပါ"ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် တရားဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများဖြစ်သည့် Jin Xigang၊ Liu Tianai၊ Liu Hailong၊ Chen Yuejin နှင့် Tin Tierong တို့အား မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ-၄(၁)ကျူး/ ၁၃(၁)အရ အရေးယူဆောင်ရွက်ပြီးသဖြင့် လာရာလမ်းအတိုင်း ပြည်နှင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net