အသက်(၄)နှစ်အရွယ် ကလေးငယ်အား ဆွဲလုသည့် အမျိုးသားတစ်ဦးကို ၀ိုင်းဝန်းဖမ်းဆီးက ရဲလက်အပ်

အသက်(၄)နှစ်အရွယ် ကလေးငယ်အား ဆွဲလုသည့် အမျိုးသားတစ်ဦးကို ၀ိုင်းဝန်းဖမ်းဆီးက ရဲလက်အပ်
ဇူလိုငျ 8, 2019
By Tachileik News Agency



"လူပုံစံက ကြောင်တောင်တောင်နဲ့ပဲ၊ ဘာမေးမေးလဲ မေးမရဘူး၊ ပတ်ဝန်းကျင်က အသိမြန်လို့တော်သေးတယ်၊ ကလေးအမေရဲ့အော်သံကြောင့် အကုန်လုံးသိပြီး ဝိုင်းဖမ်းလိုက်ကြတာ၊ ကလေးက ယောက်ျားလေး၊ အဲ့ဒီ အမျိုးသားကိုကြည့်ရတာ မူးယစ်ဆေးသုံးစွဲသူနဲ့တူတယ်၊ စုတ်ပြတ်ပြတ်ပုံနဲ့ပဲ၊ မေးတာလဲဘာမှမေးမရဘူး"ဟု ကလေးအားလုယူသည့် အမျိုးသားကိုဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူများထဲမှ ကိုစိုင်းက   ပြောသည်။


"အဲ့ဒီအမျိုးသားကို ဖမ်းဆီးပြီးလာအပ်တဲ့သူတွေက သူဟာ ကလေးခိုးပြီးရောင်းစားမယ့်သူလို့ စွပ်စွဲနေကြတာ၊ သူ့ကိုစစ်ဆေးကြည့်လိုက်တဲ့အခါ မိသားစုလဲရှိတယ်၊ အခုဆက်သွယ်ခေါ်ယူထားတယ်၊ သူ့က အချုပ်ခန်းထဲမှာ အော်ဟစ်ဆူပူနေလို့ အပြင်ထုတ်လိုက်တဲ့အခါ တွေ့သမျှကလေးကို လိုက်ဆွဲနေတော့တာ၊ ကလေးနဲ့ ပတ်သက်ပြီး စိတ်ဝေဒနာတစ်ခုခုခံစားနေရသူလို့ လတ်တလောယူဆရတယ် ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်"ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ အမျိုးသား၏ ဇနီးဖြစ်သူမှာ မန္တလေးမြို့တွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့ကသိရှိရသည့်အတွက် အကြောင်းကြားကာ ခ်ါယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ - Nay Myo


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်( ၇ )ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး လမ်းပေါ်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ (၈)ရက် နံနက်ပိုင်းက အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအား အမျိုးသားတစ်ဦးက ဆွဲယူလုခေါ်သဖြင့် ပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံသို့ အပ်နှံလိုက်သည်။

ကလေးငယ်သည် မိခင်ဖြစ်သူနှင့် အဆိုပါအုပ်ချုပ်ရေးမှူးရုံးအနီးရှိ မူကြိုကျောင်းသို့လာရောက်စဉ် အသက် (၃၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ကလေးအားလုယူဆွဲခေါ်ခြင်းဖြစ်ပြီး ကလေးမိခင်က အော်ဟစ်အကူညီတောင်းခံရာမှ အနီးအနားပတ်ဝန်းကျင်က လာရောက်ကာ ဝိုင်းဝန်းဖမ်းဆီးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

"လူပုံစံက ကြောင်တောင်တောင်နဲ့ပဲ၊ ဘာမေးမေးလဲ မေးမရဘူး၊ ပတ်ဝန်းကျင်က အသိမြန်လို့တော်သေးတယ်၊ ကလေးအမေရဲ့အော်သံကြောင့် အကုန်လုံးသိပြီး ဝိုင်းဖမ်းလိုက်ကြတာ၊ ကလေးက ယောကျာ်းလေး၊ အဲ့ဒီ အမျိုးသားကိုကြည့်ရတာ မူးယစ်ဆေးသုံးစွဲသူနဲ့တူတယ်၊ စုတ်ပြတ်ပြတ်ပုံနဲ့ပဲ၊ မေးတာလဲဘာမှမေးမရဘူး"ဟု ကလေးအားလုယူသည့် အမျိုးသားကိုဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူများထဲမှ ကိုစိုင်းက ပြောသည်။

အဆိုပါ အမျိုးသားအား လားရှိုးမြို့မရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားရာ အချုပ်ခန်းအတွင်း အော်ဟစ် ဆူပူ သောင်းကျန်းနေသည့်အတွက် သီးခြားခွဲထုတ်၍ ထိပ်တုံးခတ်ချုပ်နှောင်ထားရကြောင်း သိရသည်။

"အဲ့ဒီအမျိုးသားကို ဖမ်းဆီးပြီးလာအပ်တဲ့သူတွေက သူဟာ ကလေးခိုးပြီးရောင်းစားမယ့်သူလို့ စွပ်စွဲနကြေတာ၊ သူ့ကိုစစ်ဆေးကြည့်လိုက်တဲ့အခါ မိသားစုလဲရှိတယ်၊ အခုဆက်သွယ်ခေါ်ယူထားတယ်၊ သူ့က အချုပ်ခန်းထဲမှာ အော်ဟစ်ဆူပူနေလို့ အပြင်ထုတ်လိုက်တဲ့အခါ တွေ့သမျှကလေးကို လိုက်ဆွဲနေတော့တာ၊ ကလေးနဲ့ ပတ်သက်ပြီး စိတ်ဝေဒနာတစ်ခုခုခံစားနေရသူလို့ လတ်တလောယူဆရတယ် ရဲစခန်းမှာပဲ ထိန်းသိမ်းထားတယ်"ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မြင့်ကျော် က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ အမျိုးသား၏ ဇနီးဖြစ်သူမှာ မန္တလေးမြို့တွင် နေထိုင်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့ကသိရှိရသည့်အတွက် အကြောင်းကြားကာ ခါ်ယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Nay Myo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net