မိုင်းဖြတ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသူ သေဆုံး

မိုင်းဖြတ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသူ သေဆုံး
နိုဝင်ဘာ 13, 2019
By Tachileik News Agency
မိုင်းဖြတ်တွင် ကားနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိရာမှ ဆိုင်ကယ်မောင်းလာသူ သေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့ ဆိုင်းလေကျေးရွာအနီး၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၊ ညနေ(၃)နာရီခွဲ ဝန်းကျင်က ဆိုင်ကယ်နှင့် ကုန်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိ၍ ဆိုင်ကယ်မောင်းသူ သေဆုံးသွားပြီး ကုန်တင်ယာဉ် မောင်းနှင်ထွက်ပြေးသွား၍ လိုက်လံဖမ်းဆီးထားကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံလမ်းအတိုင်း ကျိုင်းတုံဘက်မှ မိုင်းဖြတ်ဘက်သို့ ဦးအားလို မောင်းနှင်ပြီး ဇနီးဖြစ်သူလိုက်ပါလာသည့် ဆိုင်ကယ်က ဆိုင်းလေကျေးရွာအနီးတွင် လမ်းယာဘက်ဘေး၌ စက်ပျက်၍ ရပ်ထားသည့် ကုန်တင်ယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ ဇာနည်မင်းမင်း မောင်းနှင်လာသည့် ကုန်တင်ယာဉ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၅၁)နှစ်အရွယ် ဦးအားလို့မှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် ဇနီးဖြစ်သူ ဒေါ်နာကယ်မှာ ဒဏ်ရာရသွားသဖြင့် သင်္ဂဟလူမှုကူညီရေးအသင်းက မိုင်းဖြတ်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

တိုက်မိပြီးထွက်ပြေးသွားသည့် ကုန်တင်ယာဉ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး ယာဉ်မောင်းအား မိုင်းဖြတ်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net