တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ စက္ေသနတ္က်ည္မ်ား သိမ္းဆည္းရမိ

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ စက္ေသနတ္က်ည္မ်ား သိမ္းဆည္းရမိ
ဇွန် 20, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ Probox ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ စက္ေသနတ္က်ည္(၃၉၇) ေတာင့္ကို ၂၀၁၉ ခုနွစ္ ဇြန္လ (၂၀) ရက္ေန႔ ေန႔လည္ (၁၂) နာရီ၀န္းက်င္က ရွာေဖြ သိမ္းဆည္းရမိ၍  စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

"လက္ရိွေတာ့ စစ္ေဆးေနတုန္း၊ ဗ်ဴဟာမွာ ေခၚစစ္ေနတုန္းပဲ"ဟု အမည္မေဖာ္လိုသူ ရဲတပ္ဖြဲ႔၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ တာခ်ီလိတ္မွ မိုင္းယန္းၿမို႕သို႔ သြားေရာက္မည့္ Probox ယာဥ္ကို ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးရာတြင္ ပိြဳင့္-5 စက္ေသနတ္ႀကီးက်ည္ (၃၉၇)ေတာင့္အား ရွာေဖြသိမ္းဆည္း ရမိျခင္းျဖစ္သည္။

လတ္တေလာ စစ္ေဆးခ်က္အရ ၎က်ည္မ်ားအား ထိုင္းႏိုင္ငံ မယ္ဆိုင္ေခ်ာင္းအနီးမွ တင္ေဆာင္လာၿပီး ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား (၁) မွ ျဖတ္သန္းသယ္ေဆာင္ကာ မိုင္းယန္းၿမိဳ႕သို႔ ပို႔ေဆာင္ရန္သြားေရာက္ျခင္းျဖစ္ေၾကာင္း ႏွင့္ စက္ေသနတ္က်ည္မ်ားသယ္ေဆာင္လာသူ ဦးဆမ္ပ်န္းဆိုသူအား  စစ္ေဆးမႈမ်ား ျပုလုပ္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Probox ယာဉ်ဖြင့် သယ်ဆောင်လာသည့် စက်သေနတ်ကျည်(၃၉၇) တောင့်ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်က ရှာဖွေ သိမ်းဆည်းရမိ၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

"လက်ရှိတော့ စစ်ဆေးနေတုန်း၊ ဗျူဟာမှာ ခေါ်စစ်နေတုန်းပဲ"ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မှ မိုင်းယန်းမြို့သို့ သွားရောက်မည့် Probox ယာဉ်ကို ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာတွင် ပွိုင့်-5 စက်သေနတ်ကြီးကျည် (၃၉၇)တောင့်အား ရှာဖွေသိမ်းဆည်း ရမိခြင်းဖြစ်သည်။

လတ်တလော စစ်ဆေးချက်အရ၎င်းကျည်များအား ထိုင်းနိုင်ငံ မယ်ဆိုင်ချောင်းအနီးမှ တင်ဆောင်လာပြီး မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁) မှ ဖြတ်သန်းသယ်ဆောင်ကာ မိုင်းယန်းမြို့သို့ ပို့ဆောင်ရန်သွားရောက်ခြင်းဖြစ်ကြောင်း နှင့် စက်သေနတ်ကျည်များသယ်ဆောင်လာသူ ဦးဆမ်ပျန်းဆိုသူအား စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net