
မေ 27, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ ဖကန်ကျေးရွာတွင် လေပြင်းတိုက်၍ အမိုးလန်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကို ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့က ပေးအပ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - Nang Nang

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ် ဖကန်ကျေးရွာမှ လေဘေးသင့်နေအိမ်တစ်လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေပေးအပ်
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ ဖကန်ကျေးရွာတွင် လေပြင်းတိုက်၍ အမို်းလန်ပျက်စီးသွားသည့် နေအိမ်တစ်လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကို ၂၀၁၉ ခုနှစ်၊ မေလ (၂၇)ရက်နေ့က ပေးအပ်ကြောင်း သိရသည်။

ဖကန်ကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ မေလ(၂၄)ရက်နေ့ ည (၇)နာရီကျော်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်တစ်လုံးအမိုးလန်ပျက်စီးသွားသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက မေလ (၂၇)ရက်နေ့တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၉၀၀၀၀)အား သွားရောက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - Nang Nang

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net