တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္ ဝမ္မိုင္ရြာရံုးတြင္ တီဘီလူနာအခမဲ့စစ္ေဆးျခင္းကို ညေန (၄)နာရီအထိ ေဆာင္ရြက္ေပးမည္ျဖစ္၍ မည္သူမဆို အခမဲ့စစ္ေဆးမႈခံယူႏုိင္

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(ခ)ရပ္ကြက္ ဝမ္မိုင္ရြာရံုးတြင္ တီဘီလူနာအခမဲ့စစ္ေဆးျခင္းကို ညေန (၄)နာရီအထိ ေဆာင္ရြက္ေပးမည္ျဖစ္၍ မည္သူမဆို အခမဲ့စစ္ေဆးမႈခံယူႏုိင္
မေ 28, 2019
By 🌸
ထုိင္းႏိုင္ငံႏွင့္နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေရြ႕လ်ားဓါတ္မွန္စက္ျဖင့္ တီဘီလူနာကြင္းဆင္းရွာေဖြျခင္းအစီအစဥ္ျဖင့္၂၀၁၉ ခုႏွစ္ ေမလ (၂၇)ရက္ေန႔က ဆန္ဆုိင္း(ခ)ရပ္ကြက္ ဝမ္မိုင္ရြာရံုးတြင္ နံနက္ (၉)နာရီမွ ညေန(၄)နာရီအထိ အခမဲ့စမ္းသပ္စစ္ေဆးကုသေပးေနရာ ေရႊ႕ေျပာင္းလုပ္သားမ်ားအပါအဝင္ မည္သူမဆို လာေရာက္စစ္ေဆးႏုိင္ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ ျပည္နယ္တီဘီတုိက္ဖ်က္ေရးဌာနက GF အေထာက္အပံ့ျဖင့္ေဆာင္ရြက္သည့္ အဆိုပါအစီအစဥ္အရ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ျပည္နယ္တီဘီေရာဂါ တိုက္ဖ်က္ေရးဌာနမွ ဝန္ထမ္းမ်ားက ေရြ႕လ်ားဓါတ္မွန္စက္ျဖင့္ တီဘီလူနာကြင္းဆင္းရွာေဖြကုသျခင္းကို ၂၀၁၉ ခုႏွစ္ ေမလ (၂၇)ရက္ေန႔မွ ေမလ (၃၁)ရက္ေန႔အထိ ျပဳလုပ္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ကြင္းဆင္းစစ္ေဆးျခင္းကို ေမလ (၂၈)ရက္ေန႔တြင္ ဆန္ဆိုင္း (ခ)အတြင္းရွိ ၀မ္မိုင္ရြာ၊ ေမလ (၂၉)ရက္ေန႔တြင္ မကာဟိုခမ္းရပ္ကြက္၊ ေမလ (၃၀)ရက္ႏွင့္ ေမလ (၃၁)ရက္ေန႔မ်ားတြင္ ဝမ္ေကာင္းရပ္ကြက္(ကခ်င္ရြာ)တို႔ရိွ ရပ္ကြက္ရံုးမ်ားတြင္ နံနက္(၉)နာရီမွ ညေန(၄)နာရီအထိ ေဆာင္ရြက္ေပးမည္ျဖစ္ရာ ရပ္ကြက္ေနသူမ်ား၊ ေရႊ႕ေျပာင္းလုပ္သားမ်ားအပါအဝင္ မည္သူမဆို နီးစပ္ရာရပ္ကြက္ရံုးမ်ားသို႔ အခမဲ့လာေရာက္ စစ္ေဆးကုသမႈခံယူႏုိင္ေၾကာင္း သိရသည္။
တီဘီပိုးစစ္ေဆးေတြ႔ရိွပါက တီဘီလူနာအတြက္ေဆးမ်ားကို အခမဲ့ေပးမည္ျဖစ္ရာ ေရာဂါကို အခ်ိန္မီသိရိွကုသႏုိင္ရန္အတြက္ အခမဲ့လာေရာက္စစ္ေဆးႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသည္ ကမာၻ႔တီဘီ ေရာဂါျဖစ္ပြားမႈ အမ်ားဆုံးႏိုင္ငံ (၃၀)တြင္ ပါဝင္ေနဆဲျဖစ္ကာ တီဘီေရာဂါျဖစ္ပြားသူမ်ား၏ (၇၃) ရာခုိင္ႏႈန္းမွာ အမ်ိဳးသားမ်ားျဖစ္ေၾကာင္း၂၀၁၇ - ၂၀၁၈ ႏိုင္ငံတစ္ဝန္း တီဘီေရာဂါျဖစ္ပြားမႈစစ္တမ္းအရ သိရသည္။

Tachileik News Agency
ဓါတ္ပံု - NKA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာရုံးတွင် တီဘီလူနာအခမဲ့စစ်ဆေးခြင်းကို ညနေ (၄)နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်၍ မည်သူမဆို အခမဲ့စစ်ဆေးမှုခံယူနိုင်
https://www.tachileik.net/2019/05/tb.html
**********
ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွေ့လျားဓါတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေခြင်းအစီအစဉ်ဖြင့်၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့က ဆန်ဆိုင်း(ခ)ရပ်ကွက် ဝမ်မိုင်ရွာရုံး၌ နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ အခမဲ့စမ်းသပ်စစ်ဆေးကုသပေးနေရာ ရွှေ့ပြောင်းလုပ်သားများအပါအဝင် မည်သူမဆို လာရောက်စစ်ဆေးနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ပြည်နယ်တီဘီတိုက်ဖျက်ရေးဌာနက GF အထောက်အပံ့ဖြင့်ဆောင်ရွက်သည့် အဆိုပါအစီအစဉ်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများက ရွေ့လျားဓါတ်မှန်စက်ဖြင့် တီဘီလူနာကွင်းဆင်းရှာဖွေကုသခြင်းကို ၂၀၁၉ ခုနှစ် မေလ (၂၇)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးခြင်းကို မေလ (၂၈)ရက်နေ့တွင် ဆန်ဆိုင်း (ခ)အတွင်းရှိ ၀မ်မိုင်ရွာ၊ မေလ (၂၉)ရက်နေ့တွင် မကာဟိုခမ်းရပ်ကွက်၊ မေလ (၃၀)ရက်နှင့် မေလ (၃၁)ရက်နေ့များတွင် ဝမ်ကောင်းရပ်ကွက်(ကချင်ရွာ)တို့ရှိ ရပ်ကွက်ရုံးများတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဆောင်ရွက်ပေးမည်ဖြစ်ရာ ရပ်ကွက်နေသူများ၊ ရွှေ့ပြောင်းလုပ်သားများအပါအဝင် မည်သူမဆို နီးစပ်ရာရပ်ကွက်ရုံးများသို့ အခမဲ့လာရောက် စစ်ဆေးကုသမှုခံယူနိုင်ကြောင်း သိရသည်။
တီဘီပိုးစစ်ဆေးတွေ့ရှိပါက တီဘီလူနာအတွက်ဆေးများကို အခမဲ့ပေးမည်ဖြစ်ရာ ရောဂါကို အချိန်မီသိရှိကုသနိုင်ရန်အတွက် အခမဲ့လာရောက်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ကြောင်း၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

Tachileik News Agency
ဓါတ်ပုံ - NKA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net