မယ်ဆိုင်ချောင်း မတိမ်ကောရေးနှင့် ရေစီးရေလာကောင်းမွန်ရေး နှစ်နိုင်ငံ အလွတ်သဘောတွေ့ဆုံဆွေးနွေး

မယ်ဆိုင်ချောင်း မတိမ်ကောရေးနှင့် ရေစီးရေလာကောင်းမွန်ရေး နှစ်နိုင်ငံ အလွတ်သဘောတွေ့ဆုံဆွေးနွေး
မေ 26, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် ထိုင်းနိုင်ငံဘက်က အသိမပေးဘဲ ရေသွယ်ယူနေမှုများကြောင့် ချောင်းအတွင်းရေခန်းခြောက်နေသဖြင့် တာချီလိတ်နှင့် မယ်ဆိုင်မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်တွင်၂၀၁၉ ခုနှစ် မေလ (၂၆) ရက်နေ့ နေ့လယ်(၁)နာရီက အလွတ်သဘောတွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မယ်ဆိုင်ချောင်းအတွင်း မြန်မာဘက်ခြမ်းတွင် ခမ်းခြောက်နေသည့် အနေအထားရှိနေခြင်းနှင့် ၁၉၉၁ ခုနှစ်က နှစ်နိုင်ငံချုပ်ဆိုထားသည့် စာချုပ်အရ ချောင်းရေညီတူညီမျှခွဲဝေသုံးစွဲနိုင်ရေးဆွေးနွေးရာတွင် မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ဆခနာခမ်းက ချောင်းတွင်ပိတ်ဆို့နေသည့် အတားအဆီးများကို ဖယ်ရှားပြီး ရေစီးဆင်းမှုကောင်းမွန်စေရန် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနှစ်နို်င်ငံ နယ်နိမိတ်ဖြစ်သည့် မယ်ဆိုင်ချောင်းတွင် ထိုင်းနိုင်ငံဘက်က အသိမပေးဘဲ ရေသွယ်ယူနေမှုများကြောင့် ချောင်းအတွင်းရေခန်းခြောက်နေသဖြင့် တာချီလိတ်နှင့် မယ်ဆိုင်မှ တာဝန်ရှိသူများသည် တာချီလိတ်မြို့ ရွှေနန်းတော်ကုန်တိုက်တွင်၂၀၁၉ ခုနှစ် မေလ (၂၆) ရက်နေ့ နေ့လယ်(၁)နာရီက အလွတ်သဘောတွေ့ဆုံဆွေးနွေးကြသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မယ်ဆိုင်ချောင်းအတွင်း မြန်မာဘက်ခြမ်းတွင် ခမ်းခြောက်နေသည့် အနေအထားရှိနခြေင်းနှင့် ၁၉၉၁ ခုနှစ်က နှစ်နိုင်ငံချုပ်ဆိုထားသည့် စာချုပ်အရ ချောင်းရေညီတူညီမျှခွဲဝေသုံးစွဲနိုင်ရေးဆွေးနွေးရာတွင် မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ဆခနာခမ်းက ချောင်းတွင်ပိတ်ဆို့နေသည့် အတားအဆီးများကို ဖယ်ရှားပြီး ရေစီးဆင်းမှုကောင်းမွန်စေရန် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

အလွတ်သဘောတွေ့ဆုံ ဆွေးနွေးပွဲသို့ မြန်မာဘက်မှ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ဌာနဆိုင်ရာများ၊ ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင်မြို့ပိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီးနောက် တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများ၊ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ဆခနာခမ်းနှင့် တာဝန်ရှိသူများက မယ်ဆိုင်ချောင်းတိမ်ကောနေမှုများကို လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net