မိုင္းျဖတ္ၿမိဳ႕တြင္ (၇၂)ႏွစ္ေျမာက္ရွမ္းျပည္နယ္ေန႔ အခမ္းအနား က်င္းပ

မိုင္းျဖတ္ၿမိဳ႕တြင္ (၇၂)ႏွစ္ေျမာက္ရွမ္းျပည္နယ္ေန႔ အခမ္းအနား က်င္းပ
ဖေဖော်ဝါရီ 7, 2019
By Tachileik News Agency

ေဖေဖာ္၀ါရီလ(၇)ရက္ေန႔တြင္ က်ေရာက္သည့္ (၇၂)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္အျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕ရွိ ၿမိဳ႕နယ္အားကစားကြင္းတြင္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔က စတင္က်င္းပၿပီး သ၀ဏ္လႊာဖတ္ပြဲ အခမ္းအနားအား ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔ နံနက္ပိုင္းက က်င္းပျပဳလုပ္သည္။

အခမ္းအနားတြင္  (၇၂)ႏွစ္ေျမာက္ ရွမ္းျပည္နယ္ေန႔ အထိမ္းအမွတ္ သ၀ဏ္လႊာအျဖစ္ ႏိုင္ငံေတာ္သမၼတမွ ေပးပို႔လာသည့္ သ၀ဏ္လႊာအား မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္က လည္းေကာင္း၊ ရွမ္းျပည္နယ္ ၀န္ႀကီးခ်ဳပ္မွ ေပးပို႔လာသည့္ သ၀ဏ္လႊာအား မိုင္းျဖတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးေက်ာ္ႏိုင္က လည္းေကာင္းဖတ္ၾကားခဲ့ၾကသည္။

မိုင္းျဖတ္ၿမိဳ႕တြင္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔မွ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔အထိ ႏွစ္ရက္တိုင္တိုင္က်င္းပသည့္ အဆိုပါ ပြဲေတာ္ႏွင့္အခမ္းအနားကို မိုင္းျဖတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီက ႀကီးမွဴးက်င္းပ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း ႏွင့္ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔ ညပိုင္းတြင္လည္း ရွမ္းတိုင္းရင္းသားရိုးရာ အဆိုအကမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္သြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

အဆိုပါ သ၀ဏ္လႊာဖတ္ပြဲ အခမ္းအနားသို႔ မိုင္းျဖတ္ၿမိဳ႕ အမွတ္(၁၈) စစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္ မွ ေခတၱစစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးႀကီး ဝင္းေနလြင္၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ ႏွင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား ဖိတ္ၾကားထားသည့္ ဧည့္သည္မ်ား ရပ္ကြက္/ေက်းရြာအုပ္စုမ်ားမွ ရွမ္းတိုင္းရင္းသား/ တိုင္းရင္းသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ မြို့နယ်အားကစားကွင်းတွင် ဖေဖော်ဝါရီလ(၆)ရက်နေ့က စတင်ကျင်းပပြီး သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာအဖြစ် နိုင်ငံတော်သမ္မတမှ ပေးပို့လာသည့် သဝဏ်လွှာအား မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လည်းကောင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ပေးပို့လာသည့် သဝဏ်လွှာအား မိုင်းဖြတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်က လည်းကောင်းဖတ်ကြားခဲ့ကြသည်။

မိုင်းဖြတ်မြို့တွင် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကျင်းပသည့် အဆိုပါ ပွဲတော်နှင့်အခမ်းအနားကို မိုင်းဖြတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း နှင့် ဖေဖော်ဝါရီလ(၇)ရက်နေ့ ညပိုင်းတွင်လည်း ရှမ်းတိုင်းရင်းသားရိုးရာ အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ မိုင်းဖြတ်မြို့ အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မှ ခေတ္တစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဝင်းနေလွင်၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဖိတ်ကြားထားသည့် ဧည့်သည်များ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရှမ်းတိုင်းရင်းသား/ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~