လားရႈိးၿမိဳ႕တြင္ ဆက္သြယ္ေရးတာ၀ါတိုင္၌ တပ္ဆင္ထားသည့္ စက္ပစၥည္းမ်ား ခိုးယူဖ်က္ဆီးခံရမႈမ်ားေၾကာင့္ ရဲစခန္းတြင္ ပုဒ္မ(၃)ခုျဖင့္ အမႈဖြင့္ထား

လားရႈိးၿမိဳ႕တြင္ ဆက္သြယ္ေရးတာ၀ါတိုင္၌ တပ္ဆင္ထားသည့္ စက္ပစၥည္းမ်ား ခိုးယူဖ်က္ဆီးခံရမႈမ်ားေၾကာင့္ ရဲစခန္းတြင္ ပုဒ္မ(၃)ခုျဖင့္ အမႈဖြင့္ထား
ဇန်နဝါရီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕တြင္ ဆက္သြယ္ေရးတာ၀ါတိုင္မွ ပစၥည္းမ်ား ခိုးယူခံရမႈႏွင့္အတူ ဖ်က္ဆီးခံရမႈမ်ား ရွိေနသည့္အတြက္ တရားခံအား ဖမ္းဆီးအေရးယူႏိုင္ရန္ လားရႈိးၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ(၃)ခုျဖင့္ အမႈဖြင့္ထားရွိေၾကာင္း သိရသည္။

လားရႈိးၿမိဳ႕တြင္  E Lite-Tech ဆက္သြယ္ေရးကုမၸဏီ၏ ဆက္သြယ္ေရးတိုင္၌ တပ္ဆင္ထားရွိသည့္ ဆက္သြယ္ေရးထိန္းခ်ဳပ္သည့္ ကတ္ (၂)ခု၊ မီးစက္ထိန္းခ်ဳပ္သည့္ ကိရိယာ၊ ဆိုလာ(၁)ခ်ပ္၊ ဆိုလာပါ၀ါ(၁)ေခ်ာင္း၊ Ground ႀကိဳး (၁)ေခ်ာင္း၊ DC Power ႀကိဳးမ်ား၊ ေရဒီယိုအေအးေပးသည့္ ပန္ကာ(၁)လံုး၊ ဖုန္းလိုင္းထိန္းသည့္ ကတ္(၁)ခု၊ Fiber ႀကိဳး(၇)ေခ်ာင္း ႏွင့္ ဘထၳရီထည့္သည့္ ပံုးမွ တံခါးမ်ားအား ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၁)ရက္ေန႔ ႏွင့္ ဒီဇင္ဘာလ(၂၆)ရက္အပါအ၀င္၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁၇)ရက္ေန႔အထိ  ခိုးယူ ဖ်က္ဆီးခံရမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလားတူပင္ ၿပီးခဲ့သည့္ ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ(၂၀)ရက္ေန႔က လားရႈိးၿမိဳ႕၊ ၿမိဳ႕ေရွာင္လမ္းရွိ E Lite-Tech ဆက္သြယ္ေရးကုမၸဏီ၏ ဆက္သြယ္ေရးတိုင္အမွတ္  SHN 00166 ၌ တပ္ဆင္ထားသည့္ မီးစက္မွ စတပ္ေမာ္တာ ႏွင့္ ဘထၳရီအိုးတို႔ ေပ်ာက္ဆံုးၿပီး မီးစက္ကို မီးရႈိ႕ဖ်က္ဆီးခံခဲ့ရေၾကာင္းသိရသည္။

E Lite-Tech ဆက္သြယ္ေရးကုမၸဏီ၏ ဆက္သြယ္ေရးတိုင္၌ တပ္ဆင္ထားရွိသည့္ ပစၥည္းမ်ား ခိုးယူ ဖ်က္ဆီးခံရမႈမ်ား ျဖစ္ပြားခဲ့သည့္အတြက္ လားရႈိးၿမိဳ႕မရဲစခန္းတြင္ (ပ)၂၉/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၅/၃၈၀/၄၂၇ (ပစၥည္း မီးရႈိ႕မႈ/ခိုးမႈ/အက်ိဳးဖ်က္ဆီးမႈ) ျဖင့္ အမႈဖြင့္လွစ္ထားရွိၿပီး တရားခံအား အျမန္ဆံုးဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွ စံုစမ္းေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဆက်သွယ်ရေးတာဝါတိုင်မှ ပစ္စည်းများ ခိုးယူခံရမှုနှင့်အတူ ဖျက်ဆီးခံရမှုများ ရှိနေသည့်အတွက် တရားခံအား ဖမ်းဆီးအရေးယူနိုင်ရန် လားရှိုးမြို့မရဲစခန်းတွင် ပုဒ်မ(၃)ခုဖြင့် အမှုဖွင့်ထားရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် E Lite-Tech ဆက်သွယ်ရေးကုမ္ပဏီ၏ ဆက်သွယ်ရေးတိုင်၌ တပ်ဆင်ထားရှိသည့် ဆက်သွယ်ရေးထိန်းချုပ်သည့် ကတ် (၂)ခု၊ မီးစက်ထိန်းချုပ်သည့် ကိရိယာ၊ ဆိုလာ(၁)ချပ်၊ ဆိုလာပါဝါ(၁)ချောင်း၊ Ground ကြိုး (၁)ချောင်း၊ DC Power ကြိုးများ၊ ရေဒီယိုအအေးပေးသည့် ပန်ကာ(၁)လုံး၊ ဖုန်းလိုင်းထိန်းသည့် ကတ်(၁)ခု၊ Fiber ကြိုး(၇)ချောင်း နှင့် ဘထ္ထရီထည့်သည့် ပုံးမှ တံခါးများအား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့ နှင့် ဒီဇင်ဘာလ(၂၆)ရက်အပါအဝင်၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့အထိ ခိုးယူ ဖျက်ဆီးခံရမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူပင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့က လားရှိုးမြို့၊ မြို့ရှောင်လမ်းရှိ E Lite-Tech ဆက်သွယ်ရေးကုမ္ပဏီ၏ ဆက်သွယ်ရေးတိုင်အမှတ် SHN 00166၌ တပ်ဆင်ထားသည့် မီးစက်မှ စတပ်မော်တာ နှင့် ဘထ္ထရီအိုးတို့ ပျောက်ဆုံးပြီး မီးစက်ကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းသိရသည်။

E Lite-Tech ဆက်သွယ်ရေးကုမ္ပဏီ၏ ဆက်သွယ်ရေးတိုင်၌ တပ်ဆင်ထားရှိသည့် ပစ္စည်းများ ခိုးယူ ဖျက်ဆီးခံရမှုများ ဖြစ်ပွားခဲ့သည့်အတွက် လားရှိုးမြို့မရဲစခန်းတွင် (ပ)၂၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၅/၃၈၀/၄၂၇ (ပစ္စည်း မီးရှို့မှု/ခိုးမှု/အကျိုးဖျက်ဆီးမှု) ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ စုံစမ်းနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~