မူးယစ္ေဆးဝါး ပမာဏအနည္းငယ္ျဖင့္ ဖမ္းဆီးရမိမႈသာ မ်ားေနသည္ဟု ႏုိင္ငံေတာ္သမၼတ ေျပာၾကား

မူးယစ္ေဆးဝါး ပမာဏအနည္းငယ္ျဖင့္ ဖမ္းဆီးရမိမႈသာ မ်ားေနသည္ဟု ႏုိင္ငံေတာ္သမၼတ ေျပာၾကား
ဇန်နဝါရီ 16, 2019
By Tachileik News Agency

ႏိုင္ငံ၏ အနာဂတ္မွာ မူးယစ္ေဆးဝါးႏွင့္ ေလာင္းေၾကးထပ္ေနရသျဖင့္ မူးယစ္ေဆးဝါးဖမ္းဆီးရာတြင္ ပမာဏ အနည္းငယ္ျဖင့္ ဖမ္းဆီးမႈမ်ားထက္ လက္ႀကီးသမားမ်ားကို ဖမ္းဆီးရန္ လိုအပ္သည္ဟု ႏုိင္ငံေတာ္ သမၼတက ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၆) ရက္ေန႔၌ ကယားျပည္နယ္ခန္းတြင္ အစိုးရဌာနမ်ားႏွင့္ ေတြ႔ဆံုစဥ္ ေျပာၾကားလုိက္သည္။

"တစ္ခ်ိဳ႕က ဖမ္းရမွာကို မဖမ္းဘူး။ သတင္းေပးရမွာကို မေပးဘူး။ ဖမ္းရမယ္ဆိုေတာ့လည္း လက္ႀကီးကို မဖမ္းဘူး။ ကြမ္းယာဆိုင္ေလာက္ကို သြားဖမ္းတယ္။ ကြမ္းယာဆိုင္ လက္လီလက္ကား ဆိုင္တစ္ေထာင္ထက္စာရင္ လက္ႀကီးတစ္လက္မိရင္ ကိစၥေတာ္ေတာ္ၿပီးၿပီ။ ကိုယ့္အလုပ္ကို တာဝန္ေက်ေအာင္ လုပ္ၾကပါ။ ဒါက ႏိုင္ငံေတာ္ရဲ႕ ေရရွည္အက်ိဳးစီးပြား၊ ႏိုင္ငံေတာ္ရဲ႕ အနာဂတ္နဲ႕ ဒီမူးယစ္ေဆးဝါးက ေလာင္းေၾကးထပ္ေနရတာ ျဖစ္ပါတယ္။ ဒါေလးကိုဝိုင္းၿပီး လုပ္ေပးၾကပါ"ဟု ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ဌာနဆုိင္ရာမ်ားႏွင့္ ေတြ႔ဆံုပြဲတြင္ ေျပာသည္။

မူးယစ္ေဆးဝါး ဥပေဒသစ္အရ သုံးစြဲသူမ်ားအား ေထာင္ခ်ျခင္း မျပဳဘဲ မူးယစ္ေဆးျဖတ္ ျပန္လည္ထူေထာင္ေရး လုပ္ေဆာင္ေပးရမည္ျဖစ္ရာ တရားစီရင္ေရးမ႑ိဳင္ အေနျဖင့္လည္း ဥပေဒ အပိုင္းတြင္ ထိေရာက္စြာ ကူညီေဆာင္ ရြက္ေပးရန္ႏွင့္ ဌာနဆိုင္ရာအသီးသီးကလည္း ပူးေပါင္း ေဆာင္ရြက္ၾကရန္ သမၼတက ေျပာၾကားလုိက္သည္။

"ကၽြန္ေတာ္တို႔ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ၿပီး ေဆာင္ရြက္ေနတဲ့အခါမွာ သက္ဆိုင္ရာ ဌာနဆိုင္ရာ တာဝန္ရွိတဲ့ ပုဂၢိဳလ္ အသီးသီးက မဖုံးကြယ္ၾကပါနဲ႔။ လ်စ္လ်ဴမရႈၾကပါနဲ႔။ ဖမ္းရမယ့္ဟာကိုလည္း မဖမ္းဘဲ မလုပ္ၾကပါနဲ႔။ သတင္းေပးရမယ့္ဟာလည္း မေပးဘဲ မလုပ္ၾကပါနဲ႔။ တာဝန္ေက်ပြန္ေအာင္လုပ္ၾကပါ။ ဒါေလးကို အထူးဂရုျပဳ ေျပာခ်င္တယ္"ဟု ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားလိုက္သည္။

လိြဳင္ေကာ္ၿမိဳ႕တြင္ က်င္းပေနသည့္ (၆၇)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔အခမ္းအနား တက္ေရာက္လာသည့္ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္သည္ ျပည္နယ္အစိုးရအဖြဲ႕၊ ဌာနဆိုင္ရာမ်ားႏွင့္ ေတြ႕ဆုံပြဲက်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


နိုင်ငံ၏ အနာဂတ်မှာ မူးယစ်ဆေးဝါးနှင့် လောင်းကြေးထပ်နေရသဖြင့် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် ပမာဏ အနည်းငယ်ဖြင့် ဖမ်းဆီးမှုများထက် လက်ကြီးသမားများကို ဖမ်းဆီးရန် လိုအပ်သည်ဟု နိုင်ငံတော် သမ္မတက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၌ ကယားပြည်နယ်ခန်းတွင် အစိုးရဌာနများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

"တစ်ချို့က ဖမ်းရမှာကို မဖမ်းဘူး။ သတင်းပေးရမှာကို မပေးဘူး။ ဖမ်းရမယ်ဆိုတော့လည်း လက်ကြီးကို မဖမ်းဘူး။ ကွမ်းယာဆိုင်လောက်ကို သွားဖမ်းတယ်။ ကွမ်းယာဆိုင် လက်လီလက်ကား ဆိုင်တစ်ထောင်ထက်စာရင် လက်ကြီးတစ်လက်မိရင် ကိစ္စတော်တော်ပြီးပြီ။ ကိုယ့်အလုပ်ကို တာဝန်ကျေအောင် လုပ်ကြပါ။ ဒါက နိုင်ငံတော်ရဲ့ ရေရှည်အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အနာဂတ်နဲ့ ဒီမူးယစ်ဆေးဝါးက လောင်းကြေးထပ်နေရတာ ဖြစ်ပါတယ်။ ဒါလေးကိုဝိုင်းပြီး လုပ်ပေးကြပါ"ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

မူးယစ်ဆေးဝါး ဥပဒေသစ်အရ သုံးစွဲသူများအား ထောင်ချခြင်း မပြုဘဲ မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးရမည်ဖြစ်ရာ တရားစီရင်ရေးမဏ္ဍိုင် အနဖြေင့်လည်း ဥပဒေ အပိုင်းတွင် ထိရောက်စွာ ကူညီဆောင် ရွက်ပေးရန်နှင့် ဌာနဆိုင်ရာအသီးသီးကလည်း ပူးပေါင်း ဆောင်ရွက်ကြရန် သမ္မတက ပြောကြားလိုက်သည်။

"ကျွန်တော်တို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့အခါမှာ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် အသီးသီးက မဖုံးကွယ်ကြပါနဲ့။ လျစ်လျူမရှုကြပါနဲ့။ ဖမ်းရမယ့်ဟာကိုလည်း မဖမ်းဘဲ မလုပ်ကြပါနဲ့။ သတင်းပေးရမယ့်ဟာလည်း မပေးဘဲ မလုပ်ကြပါနဲ့။ တာဝန်ကျေပွန်အောင်လုပ်ကြပါ။ ဒါလေးကို အထူးဂရုပြု ပြောချင်တယ်"ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

လွိုင်ကော်မြို့တွင် ကျင်းပနေသည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~