ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္(၄)ၿမိဳ႕နယ္အတြင္း ဘိန္းခင္း (၁၉၆)ဧက ရွာေဖြ ဖ်က္ဆီးထား

ရွမ္းျပည္နယ္ေတာင္ပိုင္း ၿမိဳ႕နယ္(၄)ၿမိဳ႕နယ္အတြင္း ဘိန္းခင္း (၁၉၆)ဧက ရွာေဖြ ဖ်က္ဆီးထား
ဇန်နဝါရီ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟိုပံုး၊ ဆီဆိုင္၊ မုိင္းရႈးႏွင့္ ကြန္ဟိန္းၿမိဳ႕နယ္မ်ားတြင္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ၏ (၅)ရက္တာ ကာလအတြင္း ဘိန္းခင္းစုစုေပါင္း (၁၉၆)ဧကကို ရွာေဖြဖ်က္ဆီးထားေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၀) ရက္ေန႔၌ ဟိုပုံးၿမိဳ႕နယ္၊ ဒုံေမာကၠန္လန္ေက်း႐ြာေတာင္ဘက္တြင္ အျမင့္တစ္ေပ ခန္႔ရွိ ဘိန္းစိုက္ခင္း (၂၆) ဧကခန္႔ႏွင့္ ဆီဆိုင္ၿမိဳ႕နယ္၊ ထမ့္ယန္းေက်း႐ြာ အေရွ႕ဘက္တြင္ အျမင့္ႏွစ္ေပခြဲခန္႔ရွိ ဘိန္းစိုက္ခင္း (၁၄) ဧကခန္႔အား ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

အလားတူ ဇန္နဝါရီလ (၉) ရက္ေန႔တြင္ ဟိုပုံးၿမိဳ႕နယ္၊ ပန္လ်န္းေက်း႐ြာ၏ ေတာင္ဘက္၌ အျမင့္(၁)ေပခန္႔ရွိ ဘိန္းစိုက္ခင္း (၁၆) ဧကႏွင့္ ဆီဆိုင္ၿမိဳ႕နယ္ ထီတန္းေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၁၄) ဧကအား ေတြ႔ရိွဖ်က္ဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

ဆီဆိုင္ၿမိဳ႕နယ္၊ ထီတန္းေက်း႐ြာအေရွ႕ေျမာက္ဘက္ (၂) မိုင္ခန္႔အကြာ၌ အျမင့္တစ္ေပခြဲခန္႔ရွိ ဘိန္းစိုက္ခင္း (၁၃) ဧကခန္႔ႏွင့္ မိုင္းရွဴးၿမိဳ႕နယ္၊ နားေကာ္ေက်း႐ြာအေရွ႕ ေတာင္ဘက္ (၅) မိုင္ခန္႔အကြာ၌ အျမင့္ (၆) လက္မခန္႔ရွိ ဘိန္းစိုက္ခင္း (၆.၅) ဧကခန္႔အား ဇန္နဝါရီလ (၈) ရက္ေန႔ ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ဟိုပုံးၿမိဳ႕နယ္၊ ပန္လ်န္းေက်း႐ြာ၏ ေတာင္ဘက္၌ အျမင့္(၁)ေပခန္႔ရွိ ဘိန္းစိုက္ခင္း (၁၇) ဧကႏွင့္ ဆီဆိုင္ၿမိဳ႕နယ္ ထီတန္းေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၁၃) ဧကအား ဇန္နဝါရီလ(၇)ရက္ေန႔က လည္းေကာင္း၊ ဟိုပုံးၿမိဳ႕နယ္၊ ခိုလတ္ေက်း႐ြာေတာင္ဘက္မွ အျမင့္ (၃) ေပခန္႔ရွိ ဘိန္းစိုက္ခင္း (၂၆) ဧကခန္႔၊ ဆီဆိုင္ၿမိဳ႕နယ္၊ ေနာင္တဘန္ေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၁၀) ဧကခန္႔ႏွင့္ ကြန္ဟိန္းၿမိဳ႕နယ္၊ ဝမ္ပတ္ေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၇.၅) ဧကခန္႔အား ဇန္နဝါရီလ (၆)ရက္ေန႔က ရွင္းလင္းဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

ဟိုပုံးၿမိဳ႕နယ္၊ ပန္လ်န္း ေက်း႐ြာ၏ ေတာင္ဘက္၌ အျမင့္(၁)ေပခန္႔ရွိ ဘိန္းစိုက္ခင္း (၂၅) ဧကႏွင့္ ဆီဆိုင္ၿမိဳ႕နယ္ ေနာင္တဘန္ေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၈) ဧကတို႔ကိုလည္း ဇန္နဝါရီလ(၅)ရက္ေန႔က ဖ်က္ဆီးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံး၊ ဆီဆိုင်၊ မိုင်းရှုးနှင့် ကွန်ဟိန်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၏ (၅)ရက်တာ ကာလအတွင်း ဘိန်းခင်းစုစုပေါင်း (၁၉၆)ဧကကို ရှာဖွေဖျက်ဆီးထားကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့၌ ဟိုပုံးမြို့နယ်၊ ဒုံမောက္ကန်လန်ကျေးရွာတောင်ဘက်တွင် အမြင့်တစ်ပေ ခန့်ရှိ ဘိန်းစိုက်ခင်း (၂၆) ဧကခန့်နှင့် ဆီဆိုင်မြို့နယ်၊ ထမ့်ယန်းကျေးရွာ အရှေ့ဘက်တွင် အမြင့်နှစ်ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁၄) ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ (၉) ရက်နေ့တွင် ဟိုပုံးမြို့နယ်၊ ပန်လျန်းကျေးရွာ၏ တောင်ဘက်၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၆) ဧကနှင့် ဆီဆိုင်မြို့နယ် ထီတန်းကျေးရွာ၌ ဘိန်းစိုက်ခင်း (၁၄) ဧကအား တွေ့ရှိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၊ ထီတန်းကျေးရွာအရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာ၌ အမြင့်တစ်ပေခွဲခန့်ရှိ ဘိန်းစိုက်ခင်း (၁၃) ဧကခန့်နှင့် မိုင်းရှူးမြို့နယ်၊ နားကော်ကျေးရွာအရှေ့ တောင်ဘက် (၅) မိုင်ခန့်အကွာ၌ အမြင့် (၆) လက်မခန့်ရှိ ဘိန်းစိုက်ခင်း (၆.၅) ဧကခန့်အား ဇန်နဝါရီလ (၈) ရက်နေ့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၊ ပန်လျန်းကျေးရွာ၏ တောင်ဘက်၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၁၇) ဧကနှင့် ဆီဆိုင်မြို့နယ် ထီတန်းကျေးရွာ၌ ဘိန်းစိုက်ခင်း (၁၃) ဧကအား ဇန်နဝါရီလ(၇)ရက်နေ့က လည်းကောင်း၊ ဟိုပုံးမြို့နယ်၊ ခိုလတ်ကျေးရွာတောင်ဘက်မှ အမြင့် (၃) ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၆) ဧကခန့်၊ ဆီဆိုင်မြို့နယ်၊ နောင်တဘန်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၁၀) ဧကခန့်နှင့် ကွန်ဟိန်းမြို့နယ်၊ ဝမ်ပတ်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၇.၅) ဧကခန့်အား ဇန်နဝါရီလ (၆)ရက်နေ့က ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၊ ပန်လျန်း ကျေးရွာ၏ တောင်ဘက်၌ အမြင့်(၁)ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၅) ဧကနှင့် ဆီဆိုင်မြို့နယ် နောင်တဘန်ကျေးရွာ၌ ဘိန်းစိုက်ခင်း (၈) ဧကတို့ကိုလည်း ဇန်နဝါရီလ(၅)ရက်နေ့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~