(၇)နှစ်ကြာ မကျင်းပ ဖြစ်ခဲ့သည့် လားရှိုးရှိ ခုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူရှင်များအား အခမ်းအနားဖြင့် ဂုဏ်ပြုပွဲ ကျင်းပပေး

(၇)နှစ်ကြာ မကျင်းပ ဖြစ်ခဲ့သည့် လားရှိုးရှိ ခုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် သွေးလှူရှင်များအား အခမ်းအနားဖြင့် ဂုဏ်ပြုပွဲ ကျင်းပပေး
ဇနျနဝါရီ 23, 2019
By Tachileik News Agency






သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

လားရှိုးမြို့ရှိ ခုတင်(၅၀၀)ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် (၇)နှစ်အကြာ မကျင်းပနိုင်ခဲ့သည့် သွေးလှူရှင်များ ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပြန်လည် အကောင်အထည်ဖော် ကျင်းပပြုလုပ်ပြီး သွေးလှူအကြိမ် (၄၀)နှစ်အထက် စုစုပေါင်း (၃၉)ဦး နှင့် သွေးလှူရှင်များအား ရှာဖွေပေးသည့် လူမှုရေးအသင်းသင်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်နှင့် မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်လိုက်သည်။

အဆိုပါ အခမ်းအနားအတွင် လားရှိုးပြည်သူ့ဆေးရုံကြီး၌ အကြိမ် ( ၄၀ )နှင့်အထက် သွေးလှူဒါန်းထားသူ (၂၅)ဦး၊ အကြိမ် ( ၅၀ )နှင့်အထက် (၈)ဦး၊ အကြိမ် ( ၆၀) နှင့်အထက် (၂)ဦး နှင့် အကြိမ် (၇၀) နှင့် အထက် (၃)ဦး အပါအဝင် သွေးလှူရှင်များအား ရှာဖွေကူညီပေးခဲ့သည့် လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်း ( ၁၂ )သင်းတို့အား ဂုဏ်ပြု လက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။

"အကြိမ် (၄၀) နဲ့ အထက် သွေးလှူရှင်တွေရယ်၊ သွေးလှူရှင်တွေကို ရှာဖွေတဲ့အခါမှာ ရှာဖွေ စုဆောင်း ပေးတဲ့ လူမှုကူညီရေးအသင်းတွေကို အကြောင်းကြောင်းကြောင့် မှတ်တမ်းတင်ဂုဏ်ပြုပွဲ မပြုလုပ်နိုင်ခဲ့တာ (၇)နှစ် လောက် ရှိသွားပါပြီ၊ ဒီနှစ်မှာ ပြန်ပြီး စတင်ပြုလုပ်တာဖြစ်ပါတယ်၊ ဆေးရုံကြီးနဲ့ ဆရာဝန် အသိုင်းအဝိုင်းကနေ စီစဉ်ပြုလုပ်တာဖြစ်ပါတယ်"ဟု ခုတင် ( ၅၀၀ )ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး( လားရှိုး ) မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အခမ်းအတွင် လားရှိုးပြည်သူ့ဆေးရုံကြီး၌ အကြိမ် ( ၄၀ )နှင့်အထက် သွေးလှူဒါန်းထားသူ (၂၅)ဦး၊ အကြိမ် ( ၅၀ )နှင့်အထက် (၈)ဦး၊ အကြိမ် ( ၆၀) နှင့်အထက် (၂)ဦး နှင့် အကြိမ် (၇၀) နှင့် အထက် (၃)ဦး အပါအဝင် သွေးလှူရှင်များအား ရှာဖွေကူညီပေးခဲ့သည့် လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်း ( ၁၂ )သင်းတို့အား ဂုဏ်ပြုလက်ဆောင်များနှင့် ဂုဏ်ပြုမှတ်တမ်းများကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြခြင်း ဖြစ်သည်။

သွေးလှူရှင်များအား အသည်းရောင်အသားဝါ ( ဘီ )ပိုး ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန်အတွက် မြန်မာနိုင်ငံဆရာဝန်များအသင်း၊ (အောင်)ဆေးရုံ (လားရှိုး)တို့မှ လှူဒါန်းငွေများ ပေးအပ်ခဲ့ပြီး၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများကို ဆေးရုံတာဝန်ရှိသူများက ပြန်လည်ပေးအပ်ခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~