သိႏၷီၿမိဳ႕ မိုင္းယန္းႏွင့္ လုံေမာက္ေက်း႐ြာမ်ား ေရေပးေဝေရးလုပ္ငန္းအတြက္ လိုအပ္သည့္ က်ပ္သန္း(၄၀)ကို ၂၀၁၉ -၂၀ ဘ႑ာေရးႏွစ္တြင္ ရန္ပံုေငြေတာင္းခံမည္

သိႏၷီၿမိဳ႕ မိုင္းယန္းႏွင့္ လုံေမာက္ေက်း႐ြာမ်ား ေရေပးေဝေရးလုပ္ငန္းအတြက္ လိုအပ္သည့္ က်ပ္သန္း(၄၀)ကို ၂၀၁၉ -၂၀ ဘ႑ာေရးႏွစ္တြင္ ရန္ပံုေငြေတာင္းခံမည္
ဒီဇင်ဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သိႏၷီၿမိဳ႕နယ္ မိုင္းယန္းေက်းရြာႏွင့္ လံုေမာက္ေက်းရြာမ်ား ေရရရိွေရးအတြက္ သဘာဝေရထြက္မွ ပိုက္လုိင္းသြယ္တန္းျခင္းအတြက္ ကုန္က်မည့္ က်ပ္သန္းေပါင္း (၄၀)ကို ၂၀၁၉ -၂၀ ဘ႑ာေရးႏွစ္တြင္ ရန္ပုံေငြတင္ျပေတာင္းခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းယန္းေက်း႐ြာမွ (၄)မိုင္အကြာရွိ နဂါးေရထြက္မွာ ေရထြက္ႏႈန္း တစ္နာရီ ဂါလန္ (၂,၀၀၀) ရွိသည့္အတြက္ အဆိုပါ ေရထြက္မွ ပိုက္လုိင္းသြယ္တန္းၿပီး မိုင္းယန္းေက်းရြာအျပင္ အဆိုပါေက်းရြာႏွင့္ တစ္မုိင္ခန္႔အကြာရိွ လံုေမာက္ေက်းရြာသို႔လည္း ေရေပးေဝမည္ျဖစ္ေၾကာင္း သိရသည္။

 ေရေပးေဝေရးလုပ္ငန္းအတြက္ (၅)မုိင္ အကြာအေဝးအား ပိုက္လုိင္းသြယ္တန္းျခင္း၊ ဂါလံ (၅၀၀၀)ဆံ့ ေရစုကန္၊ ဂါလန္ (၂၀၀၀)ဆံ့ ေရစုကန္တစ္ကန္ႏွင့္ ေရတားတမံတစ္ခုတည္ေဆာက္ေပးရန္ လိုအပ္မည္ျဖစ္ရာ ခန္႔မွန္းကုန္က်ေငြ က်ပ္သန္း (၄၀) ရိွသျဖင့္ ၂၀၁၉-၂၀ ဘ႑ာေရးႏွစ္တြင္ ရန္ပုံေငြ တင္ျပေတာင္းခံ၍ ရန္ပုံေငြရရွိပါက အေကာင္အထည္ေဖာ္မည္ျဖစ္ေၾကာင္း သိရသည္။

မိုင္းယန္းေက်း႐ြာႏွင့္ လုံေမာက္ေက်း႐ြာ ေရရရွိေရးအတြက္ သဘာ၀ေရထြက္ေနရာမွ ေရသြယ္တန္းေပးရန္ အစီအစဥ္ ရွိ၊ မရွိကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၇) ရက္ေန႔က က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ သိႏၷီမဲဆႏၵနယ္မွ ဦးစိုင္းဦးခမ္းက ေမးျမန္းရာ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနွင့္ ဆည္ေျမာင္း ဒုတိယဝန္ႀကီး ဦးလွေက်ာ္က ေျဖၾကားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် မိုင်းယန်းကျေးရွာနှင့် လုံမောက်ကျေးရွာများ ရေရရှိရေးအတွက် သဘာဝရေထွက်မှ ပိုက်လိုင်းသွယ်တန်းခြင်းအတွက် ကုန်ကျမည့် ကျပ်သန်းပေါင်း (၄၀)ကို ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းယန်းကျေးရွာမှ (၄)မိုင်အကွာရှိ နဂါးရေထွက်မှာ ရေထွက်နှုန်း တစ်နာရီ ဂါလန် (၂,ဝဝဝ) ရှိသည့်အတွက် အဆိုပါ ရေထွက်မှ ပိုက်လိုင်းသွယ်တန်းပြီး မိုင်းယန်းကျေးရွာအပြင် အဆိုပါကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ လုံမောက်ကျေးရွာသို့လည်း ရေပေးဝေမည်ဖြစ်ကြောင်း သိရသည်။

 ရေပေးဝေရေးလုပ်ငန်းအတွက် (၅)မိုင် အကွာအဝေးအား ပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ (၅၀၀၀)ဆံ့ ရေစုကန်၊ ဂါလန် (၂၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့် ရေတားတမံတစ်ခုတည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ရာ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း (၄၀) ရှိသဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ တင်ပြတောင်းခံ၍ ရန်ပုံငွေရရှိပါက အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းယန်းကျေးရွာနှင့် လုံမောက်ကျေးရွာ ရေရရှိရေးအတွက် သဘာဝရေထွက်နေရာမှ ရေသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြကြေားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~