ေနာင္ခ်ိဳၿမိဳ႕အဝင္တြင္ စိတ္ၾကြေဆးျပား ၈၀၀၀ ကိုဆုိင္ကယ္ျဖင့္ သယ္လာသည့္လူငယ္တစ္ဦး ဖမ္းမိ

ေနာင္ခ်ိဳၿမိဳ႕အဝင္တြင္ စိတ္ၾကြေဆးျပား ၈၀၀၀ ကိုဆုိင္ကယ္ျဖင့္ သယ္လာသည့္လူငယ္တစ္ဦး ဖမ္းမိ
နိုဝင်ဘာ 18, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေနာင္ခ်ိဳၿမိဳ႕အဝင္ မူဆယ္ - မႏၱေလးသြား ျပည္ေထာင္စုလမ္းတြင္ စိတ္ၾကြရူးသြပ္ေဆးျပား (၇၉၃၀) ျပားကို ဆုိင္ကယ္ျဖင့္ သယ္လာသည့္လူငယ္တစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု(၂၄)လားရႈိး (ေနာင္ခ်ဳိလႈပ္ရွား)မွ တပ္ဖြဲ႔ဝင္မ်ား၊ စစ္ဘက္ေရးရာလံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ား၊ သတင္းရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔ဝင္မ်ားႏွင့္ ေနာင္ခ်ဳိၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႔သည္ သက္ေသမ်ားႏွင့္အတူ ေနာင္ခ်ဳိၿမိဳ႕အဝင္၊ မူဆယ္-မႏၱေလးသြား ျပည္ေထာင္စုကားလမ္းမေပၚတြင္၂၀၁၈ ခုနွစ္၊ ႏုိဝင္ဘာလ (၁၇) ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္က ရွာေဖြစစ္ေဆးေနစဥ္ လူငယ္တစ္ဦးေမာင္းႏွင္လာသည့္ ဆုိင္ကယ္ဖင္ထုိင္ခံုေအာက္ သံဖရိန္ေခ်ာင္းအတြင္း ထည့္သြင္းလာသည့္ စိတ္ၾကြေဆးျပားမ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသည့္ အသက္(၂၁)ႏွစ္အရြယ္ ဖိုးသားကို ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
နောင်ချိုမြို့အဝင်တွင် စိတ်ကြွဆေးပြား ၈၀၀၀ ကိုဆိုင်ကယ်ဖြင့် သယ်လာသည့်လူငယ်တစ်ဦး ဖမ်းမိ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့အဝင် မူဆယ် - မန္တလေးသွား ပြည်ထောင်စုလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား (၇၉၃၀) ပြားကို ဆိုင်ကယ်ဖြင့် သယ်လာသည့်လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၄)လားရှိုး (နောင်ချိုလှုပ်ရှား)မှ တပ်ဖွဲ့ဝင်များ၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် နောင်ချိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းမပေါ်တွင်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က ရှာဖွေစစ်ဆေးနေစဉ် လူငယ်တစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ဖင်ထိုင်ခုံအောက် သံဖရိန်ချောင်းအတွင်း ထည့်သွင်းလာသည့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် အသက်(၂၁)နှစ်အရွယ် ဖိုးသားကို နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~