ကယားျပည္နယ္တြင္ လႊတ္ေတာ္ႏွင့္ အရပ္ဖက္အဖြဲ႕မ်ား ႏွစ္လတစ္ႀကိမ္ ေတြ႕ဆံုေဆြးေႏြးမည္

ကယားျပည္နယ္တြင္ လႊတ္ေတာ္ႏွင့္ အရပ္ဖက္အဖြဲ႕မ်ား ႏွစ္လတစ္ႀကိမ္ ေတြ႕ဆံုေဆြးေႏြးမည္
နိုဝင်ဘာ 8, 2018
By 🌸
ကယားျပည္နယ္တြင္ လႊတ္ေတာ္ႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ား (၂)လတစ္ႀကိမ္ ပံုမွန္ေတြ႕ဆုံေဆြးေႏြးၿပီး ေဒသတြင္း ဖြံ႕ၿဖိဳးေရး ၊ ၿငိမ္းခ်မ္းေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္လႊတ္ေတာ္ ဥကၠဌ ဦးေဆာင္ေသာ အဖြဲ႕ႏွင့္ UN Agencies၊ INGOs၊ NGOs၊ CSOs ႏွင့္ CBOs မ်ား ကယားျပည္နယ္လႊတ္ေတာ္ရုံးတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၃) ရက္ေန႔က ေတြ႔ဆုံေဆြးေႏြးၿပီး ဆုံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

" အဓိက ျပည္နယ္အတြင္းက အရပ္ဖက္အဖြဲ႕အစည္းေတြကို အစိုးရက ကန္႔သတ္ခ်က္ေတြ ထုတ္ျပန္လိုက္လို႔ ေဒသဖြ႔ံၿဖိဳးေရးေတြ၊ ၿငိမ္းခ်မ္းေရးေတြ လုပ္ေဆာင္ရာမွာ အဟန္႔အတားေတြ ျဖစ္တယ္ဆိုတာရယ္၊ အဖြဲ႕အစည္းေတြအေနနဲ႔ ႏိုင္ငံေရးမလုပ္ရဘူးဆိုတဲ့ လက္မွတ္ထိုးခိုင္းတဲ့ကိစၥေတြက မျဖစ္သင့္ဘူးဆိုတာေတြ ၿပီးေတာ့ လက္ရွိ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ေတြကို အဖြဲ႕အစည္းေတြနဲ႔ လႊတ္ေတာ္တို႔ ဘယ္လို ပူးေပါင္း ေဆာင္ရြက္မလဲဆိုတာေတြ ေဆြးေႏြးျဖစ္တယ္။ လႊတ္ေတာ္နဲ႔က ေဆြးေႏြးရတာ အားရတယ္။ အေပါင္းလကၡဏာ ေဆာင္ပါတယ္။ သူတို႔လုပ္ပိုင္ခြင့္ရွိတဲ့ အပိုင္းကေန ပူးေပါင္းေဆာင္ရြက္ဖို႔ အဲဒီလို အေျဖေတြရပါတယ္” ဟု ေဆြးေႏြးပြဲတက္ခဲ့သည့္ အနာဂတ္အမ်ိဳးသမီးအစည္းအရုံးတာဝန္ခံ ေဒၚစႏၵာဝင္း ကေျပာသည္။

ကယားျပည္နယ္တြင္ ႏိုင္ငံတကာအစိုးရမဟုတ္ေသာအဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ အသင္းအဖြဲ႕မ်ား၊ လူမႈအရပ္ဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ေဆြးေႏြးပြဲမ်ား၊ ဖိုရမ္မ်ား က်င္းပခြင့္၊ ေပါင္းစပ္ေဆာင္ရြက္သည့္ လုပ္ငန္းမ်ားႏွင့္ပတ္သက္၍ ခြင့္ျပဳခ်က္မ်ားေတာင္းခံျခင္းအား (၁၅)ရက္ ႀကိဳတင္၍ ေဆာင္ရြက္မည့္ သက္ဆုိင္ရာ ၿမိဳ႕နယ္မ်ားမွတစ္ဆင့္ တင္ျပခြင့္ျပဳခ်က္ေတာင္းခံသြားရန္ႏွင့္ သက္ဆုိင္ရာဌာနမ်ား၏ သေဘာထားမွတ္ခ်က္ႏွင့္တကြ တင္ျပသြားရန္ ျပည္နယ္အစိုးရက ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂၈) ရက္ေန႔က ထုတ္ျပန္လုိက္သျဖင့္ အဆိုပါစည္းကမ္းခ်က္မ်ားသည္ အရပ္ဖက္အဖြဲ႕အစည္းမ်ားအေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရး ၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာ၌ အဟန္႔အတားျဖစ္ေစသျဖင့္ အဆိုပါကိစၥအား တင္ျပေဆြးေႏြးၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေဆြးေႏြးပြဲမွ ရလဒ္မ်ားကို လႊတ္ေတာ္က ျပည္နယ္အစိုးရအဖြဲ႕ျဖင့္ ျပန္လည္ေဆြးေႏြးကာ အစိုးရ ၊ လႊတ္ေတာ္ႏွင့္ အရပ္ဖက္လူမႈအဖြဲ႕အစည္းမ်ား ပါဝင္သည့္ သုံးပြင့္ဆိုင္ ေတြ႔ဆံုေဆြးေႏြးမႈျဖစ္ရန္ ႀကိဳးစားသြားမည္ဟု ျပည္နယ္လႊတ္ေတာ္ဥကၠဌက ေျပာၾကားခဲ့ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့များ နှစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမည်
**************
ကယားပြည်နယ်တွင် လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့အစည်းများ (၂)လတစ်ကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးပြီး ဒေသတွင်း ဖွံ့ဖြိုးရေး ၊ ငြိမ်းချမ်းရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်လွှတ်တော် ဥက္ကဌ ဦးဆောင်သော အဖွဲ့နှင့် UN Agencies၊ INGOs၊ NGOs၊ CSOs နှင့် CBOs များ ကယားပြည်နယ်လွှတ်တော်ရုံးတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" အဓိက ပြည်နယ်အတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေကို အစိုးရက ကန့်သတ်ချက်တွေ ထုတ်ပြန်လိုက်လို့ ဒေသဖွံ့ဖြိုးရေးတွေ၊ ငြိမ်းချမ်းရေးတွေ လုပ်ဆောင်ရာမှာ အဟန့်အတားတွေ ဖြစ်တယ်ဆိုတာရယ်၊ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးမလုပ်ရဘူးဆိုတဲ့ လက်မှတ်ထိုးခိုင်းတဲ့ကိစ္စတွေက မဖြစ်သင့်ဘူးဆိုတာတွေ ပြီးတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အဖွဲ့အစည်းတွေနဲ့ လွှတ်တော်တို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မလဲဆိုတာတွေ ဆွေးနွေးဖြစ်တယ်။ လွှတ်တော်နဲ့က ဆွေးနွေးရတာ အားရတယ်။
အပေါင်းလက္ခဏာ ဆောင်ပါတယ်။ သူတို့လုပ်ပိုင်ခွင့်ရှိတဲ့ အပိုင်းကနေ ပူးပေါင်းဆောင်ရွက်ဖို့ အဲဒီလို အဖြေတွေရပါတယ်” ဟု ဆွေးနွေးပွဲတက်ခဲ့သည့် အနာဂတ်အမျိုးသမီးအစည်းအရုံးတာဝန်ခံ ဒေါ်စန္ဒာဝင်း ကပြောသည်။

ကယားပြည်နယ်တွင် နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များ၊ လူမှုအရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေးပွဲများ၊ ဖိုရမ်များ ကျင်းပခွင့်၊ ပေါင်းစပ်ဆောင်ရွက်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ခွင့်ပြုချက်များတောင်းခံခြင်းအား (၁၅)ရက် ကြိုတင်၍ ဆောင်ရွက်မည့် သက်ဆိုင်ရာ မြို့နယ်များမှတစ်ဆင့် တင်ပြခွင့်ပြုချက်တောင်းခံသွားရန်နှင့် သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်နှင့်တကွ တင်ပြသွားရန် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်နေ့က ထုတ်ပြန်လိုက်သဖြင့် အဆိုပါစည်းကမ်းချက်များသည် အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဒေသဖွံ့ဖြိုးရေး ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဟန့်အတားဖြစ်စေသဖြင့် အဆိုပါကိစ္စအား တင်ပြဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲမှ ရလဒ်များကို လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့ဖြင့် ပြန်လည်ဆွေးနွေးကာ အစိုးရ ၊ လွှတ်တော်နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဖြစ်ရန် ကြိုးစားသွားမည်ဟု ပြည်နယ်လွှတ်တော်ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~