လိြဳင္ေကာ္ေလဆိပ္ကို ႏုိင္ငံတကာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္ရန္ ဒုတိယဦးစားေပးလ်ာထား

လိြဳင္ေကာ္ေလဆိပ္ကို ႏုိင္ငံတကာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္ရန္ ဒုတိယဦးစားေပးလ်ာထား
အောက်တိုဘာ 31, 2018
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ေလဆိပ္အား ဂ်ပန္ႏိုင္ငံ၏အကူအညီျဖင့္ ႏိုင္ငံတကာေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္မည့္ Master Plan အရ ေနာက္ထပ္ (၇၁၂)ဧကေက်ာ္ ေျမယာသိမ္းဆည္းရန္လိုအပ္မည္ျဖစ္ရာ လက္ရိွေလဆိပ္ဧရိယာအတုိင္း အဆင့္ျမႇင့္တင္ေပးရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေဆြးေႏြးထားေၾကာင္း သိရသည္။

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဦးစီးဌာန၊ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမွဴး ႏွင့္အဖြဲ႔သည္ ကယားျပည္နယ္အစိုးရအဖြဲ႔ႏွင့္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀) ရက္ေန႔တြင္ေတြ႔ဆုံၿပီး လိြဳင္ေကာ္ေလဆိပ္ အဆင့္ျမႇင့္တင္ရန္  ဂ်ပန္ႏိုင္ငံ၏ အကူအညီျဖင့္ ေရးဆြဲထားသည့္ master plan ကို ရွင္းလင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွေလဆိပ္ေျမဧရိယာမွာ (၂၃၆.၆) ဧကသာရိွၿပီး Master Plan အရ ေပ(၁၀၀၀၀)အထိ တိုးခ်ဲ႕ပါက လူေနအိမ္မ်ား၊ ဌာနဆိုင္ရာရံုးမ်ား၊ ဘာသာေရး အေဆာက္အဦမ်ား ဖယ္ရွားရမည့္အျပင္ အဆိုပါ ေျမယာ၊ အေဆာက္အဦမ်ားအတြက္ ေလ်ာ္ေၾကးစရိတ္မ်ား၊ ေျမအစားထိုးေပးႏိုင္ေရးအတြက္ ေျမကြက္ေဖာ္ထုတ္စရိတ္မ်ားမွာ ေလယာဥ္ကြင္းသစ္တစ္ကြင္း ေဖာက္လုပ္ႏိုင္မည့္ ကုန္က်စရိတ္ခန္႔ ရိွမည္ျဖစ္ေၾကာင္း သိရသည္။

Master Plan အရေဆာင္ရြက္မည္ဆိုပါက လက္ရိွေလယာဥ္ကြင္းအား တိုးခ်ဲ႕ျခင္းထက္ ေလယာဥ္ကြင္း ေဖာက္လုပ္ရန္ လ်ာထားဖူးသည့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ကြင္းသစ္ျပဳလုပ္သင့္ေၾကာင္းႏွင့္ လြိဳင္ေကာ္ေလဆိပ္အား အဆင့္ျမႇင့္တင္မည္ဆိုပါက လက္ရိွဧရိယာအတုိင္း ႏိုင္ငံတကာအဆင့္မီ(CIQ) ေလဆိပ္ပံုစံမ်ိဳးျဖင့္သာ လုပ္ေဆာင္သင့္ေၾကာင္းကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ႈိက ေဆြးေႏြးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္အစိုးရအဖြဲ႕၏ အဆိုျပဳေဆြးေႏြးခ်က္အတုိင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဦးစီးဌာန၊ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနက ျပည္ေထာင္စုဝန္ႀကီးထံ ျပန္လည္တင္ျပကာ ေလဆိပ္ဒီဇိုင္းကို ျပန္လည္ေရးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံတြင္ ေလဆိပ္(၆၉)ခုရွိသည့္အနက္ ႏိုင္ငံတကာေလဆိပ္(၃)ခုႏွင့္ ျပည္တြင္းေလဆိပ္ (၃၁)ခု စုစုေပါင္း ေလဆိပ္(၃၄)ခုအသုံးျပဳေနၿပီး ေလဆိပ္မ်ားအဆင့္ျမႇင့္တင္ေရးအတြက္ ဂ်ပန္ႏိုင္ငံအကူအညီျဖင့္ Master Plan မ်ား ေရးဆြဲထားရာ လိြဳင္ေကာ္ေလဆိပ္အား ႏုိင္ငံတကာေလဆိပ္အျဖစ္ ဒုတိယဦးစားေပး လ်ာထားေၾကာင္းသိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
လွိုင်ကော်လေဆိပ်ကို နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် ဒုတိယဦးစားပေးလျာထား
**************
ကယားပြည်နယ်၊ လွိုင်ကော်လေဆိပ်အား ဂျပန်နိုင်ငံ၏အကူအညီဖြင့် နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်မည့် Master Plan အရ နောက်ထပ် (၇၁၂)ဧကကျော် မြေယာသိမ်းဆည်းရန်လိုအပ်မည်ဖြစ်ရာ လက်ရှိလေဆိပ်ဧရိယာအတိုင်း အဆင့်မြှင့်တင်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးထားကြောင်း သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့်အဖွဲ့သည် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်နေ့တွင်တွေ့ဆုံပြီး လွိုင်ကော်လေဆိပ် အဆင့်မြှင့်တင်ရန်  ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ရေးဆွဲထားသည့် master plan ကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိလေဆိပ်မြေဧရိယာမှာ (၂၃၆.၆) ဧကသာရှိပြီး Master Plan အရ ပေ(၁၀၀၀၀)အထိ တိုးချဲ့ပါက လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ ဘာသာရေး အဆောက်အဦများ ဖယ်ရှားရမည့်အပြင် အဆိုပါ မြေယာ၊ အဆောက်အဦများအတွက် လျော်ကြေးစရိတ်များ၊ မြေအစားထိုးပေးနိုင်ရေးအတွက် မြေကွက်ဖော်ထုတ်စရိတ်များမှာ လေယာဉ်ကွင်းသစ်တစ်ကွင်း ဖောက်လုပ်နိုင်မည့် ကုန်ကျစရိတ်ခန့် ရှိမည်ဖြစ်ကြောင်း သိရသည်။

Master Plan အရဆောင်ရွက်မည်ဆိုပါက လက်ရှိလေယာဉ်ကွင်းအား တိုးချဲ့ခြင်းထက် လေယာဉ်ကွင်း ဖောက်လုပ်ရန် လျာထားဖူးသည့် ဒီးမော့ဆိုမြို့နယ်တွင် ကွင်းသစ်ပြုလုပ်သင့်ကြောင်းနှင့် လွိုင်ကော်လေဆိပ်အား အဆင့်မြှင့်တင်မည်ဆိုပါက လက်ရှိဧရိယာအတိုင်း နိုင်ငံတကာအဆင့်မီ(CIQ) လေဆိပ်ပုံစံမျိုးဖြင့်သာ လုပ်ဆောင်သင့်ကြောင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဆွေးနွေးထားခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ အဆိုပြုဆွေးနွေးချက်အတိုင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပြည်ထောင်စုဝန်ကြီးထံ ပြန်လည်တင်ပြကာ လေဆိပ်ဒီဇိုင်းကို ပြန်လည်ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လေဆိပ်(၆၉)ခုရှိသည့်အနက် နိုင်ငံတကာလေဆိပ်(၃)ခုနှင့် ပြည်တွင်းလေဆိပ် (၃၁)ခု စုစုပေါင်း လေဆိပ်(၃၄)ခုအသုံးပြုနေပြီး လေဆိပ်များအဆင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံအကူအညီဖြင့် Master Plan များ ရေးဆွဲထားရာ လွိုင်ကော်လေဆိပ်အား နိုင်ငံတကာလေဆိပ်အဖြစ် ဒုတိယဦးစားပေး လျာထားကြောင်းသိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~