ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ၏အကျိုးဆက်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မှ အမျိုးသမီးအဖွဲ့(၄)ဖွဲ့ ပူးပေါင်း၍ သဘောထားကြေညာချက်ထုတ်ပြန်
ရှမ်းပြည်နယ်တွင်း တိုက်ပွဲများ၏အကျိုးဆက်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ်မှ အမျိုးသမီးအဖွဲ့(၄)ဖွဲ့ ပူးပေါင်း၍ သဘောထားကြေညာချက်ထုတ်ပြန်
အောကျတိုဘာ 12, 2018
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊  လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းဆုတ်ယုတ်နေခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်မှ အမျိုးသမီးအဖွဲ့အစည်း(၄)ခု စုပေါင်း၍ ပထမဆုံးအကြိမ် သဘောထားထုတ်ပြန်လိုက်သည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကြား၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပဋိပက္ခများ၏ အကျိုးဆက်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရမှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှု ကျူးလွန်နေခြင်းများ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်း၊ လူမှုကွန်ယက်များမှတစ်ဆင့် လူမျိုးရေးမုန်းတီးမှု၊ လူမှု အသိုင်း အဝိုင်းကြား ပဋိပက္ခဖြစ်စေရန် ဖန်တီးမှုများဖြစ်ပွားလာသည့်အတွက် အထူးစိုးရိမ်ပူပန်ကြောင်းနှင့် ထိုကဲ့သို့သော လုပ်ရပ်များတွင် ပါဝင်သူများကို အပြင်းအထန်ရှုံ့ချကြောင်း အမျိုးသမီးအဖွဲ့(၄)ဖွဲ့၏ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ပြည်နယ်တွင်း တိုက်ပွဲများ၏အကျိုးဆက်အဖြစ် စစ်ဘေးရှောင်တိုးလာခြင်း၊ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက နည်းလမ်းအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်အင်အားစုဆောင်းခြင်း၊ အရပ်သားပြည်သူများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ သွားလာမှုပိတ်ဆို့ခြင်း၊ နေအိမ်များတွင် အတင်းအကြပ်ဝင်ရောက် ရှာဖွေခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်ရှင်များကို ရိုက်နှက်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖေါက်ခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူမျိုးရေးမုန်းတီးမှု၊ လူမှုအသိုင်းအဝိုင်းများအကြား ပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခြင်းများ ဖြစ်ပွားလျှက်ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်ကို လားဟူအမျိုးသမီးအဖွဲ့အစည်း၊ ပအိုဝ်းအမျိုးသမီး သမဂ္ဂ၊ တအာင်း အမျိုးသမီးအဖွဲ့အစည်းနှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းတို့က ပူးပေါင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လားဟူအမျိုးသမီးအဖွဲ့အစည်းမှာ လားဟူ အမျိုးသမီးထုအား ဘက်ပေါင်းစုံမှ ဦးဆောင်မှု အခန်း ကဏ္ဍများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ပအိုဝ်းအမျိုးသမီး သမဂ္ဂကို ပအိုဝ်းအမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်နိုင်ရန်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ တအာင်းအမျိုးသမီးများအဖွဲ့အစည်းကို တအောင်းအမျိုးသမီးများ အခန်းကဏ္ဍအသီးသီးတွင် ပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်းကို မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု များဖြစ်ပေါ်လာရေး လှုပ်ရှားမှုတွင် ရပ်ရွာ လူမှုအသိုင်းအ၀ိုင်းကို အခြေပြုသည့် လှုပ်ရှားဆောင်ရွက်မှုများ၊ သုတေသနပြုခြင်းများနှင့် စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် ကျား-မ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အမျိုးသမီးများ ရရှိလာစေရေးကို ရည်ရွယ်၍ ၁၉၉၉ ခုနှစ်တွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးအဖွဲ့အစည်းများမှာ  အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြပြီး အမျိုးသမီးနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး ပျက်သုဉ်းဆုတ်ယုတ်နခြေင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ်မှ အမျိုးသမီးအဖွဲ့အစည်း(၄)ခု စုပေါင်း၍ ပထမဆုံးအကြိမ် သဘောထားထုတ်ပြန်လိုက်သည်။
“အခုလို ရှမ်းပြည်နယ်ထဲက တိုင်းရင်းသူအဖွဲ့အစည်း(၄)ခုပေါင်းပြီး သဘောထား ထုတ်ပြန်ချက် ထုတ်တာက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ လက်ရှိ ရှမ်းပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အပေါ်မှာ အမျိုးသမီး အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကျွန်မတို့တွေက မြင်မိတဲ့အတွက် ဒါတွေအပေါ်မှာ တုန့်ပြန်မှုတစ်ခုခု လုပ်သင့်တယ်လို့ထင်တဲ့အတွက် အခုလို ထုတ်ပြန်ချက် ထုတ်လိုက်တာဖြစ်ပါတယ်”ဟု ပအိုဝ်းအမျိုး သမီးသမဂ္ဂမှ အုပ်ချုပ်မှုဒါရို်က်တာ နန်းဇင်နွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကြား၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကြား ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပဋိပက္ခများ၏ အကျိုးဆက်ကြောင့် အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နခြေင်းများ၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နခြေင်း၊ လူမှုကွန်ယက်များမှတစ်ဆင့် လူမျိုးရေးမုန်းတီးမှု၊ လူမှု အသိုင်း အဝိုင်းကြား ပဋိပက္ခဖြစ်စေရန် ဖန်တီးမှုများဖြစ်ပွားလာသည့်အတွက် အထူးစိုးရိမ်ပူပန်ကြောင်းနှင့် ထိုကဲ့သို့သော လုပ်ရပ်များတွင် ပါဝင်သူများကို အပြင်းအထန်ရှုံ့ချကြောင်း အမျိုးသမီးအဖွဲ့(၄)ဖွဲ့၏ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်နယ်တွင်း တိုက်ပွဲများ၏အကျိုးဆက်အဖြစ် စစ်ဘေးရှောင်တိုးလာခြင်း၊ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက နည်းလမ်းအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်အင်အားစုဆောင်းခြင်း၊ အရပ်သားပြည်သူများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ သွားလာမှုပိတ်ဆို့ခြင်း၊ နေအိမ်များတွင် အတင်းအကြပ်ဝင်ရောက် ရှာဖွခြေင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်ရှင်များကို ရိုက်နှက်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လူမျိုးရေးမုန်းတီးမှု၊ လူမှုအသိုင်းအဝိုင်းများအကြား ပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခြင်းများ ဖြစ်ပွားလျှက်ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်ကို လားဟူအမျိုးသမီးအဖွဲ့အစည်း၊ ပအို်ဝ်းအမျိုးသမီး သမဂ္ဂ၊ တအာင်း အမျိုးသမီးအဖွဲ့အစည်းနှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းတို့က ပူးပေါင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လားဟူအမျိုးသမီးအဖွဲ့အစည်းမှာ လားဟူ အမျိုးသမီးထုအား ဘက်ပေါင်းစုံမှ ဦးဆောင်မှု အခန်း ကဏ္ဍများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၇ ခုနှစ်တွင်လည်းကောင်း၊ ပအိုဝ်းအမျိုးသမီး သမဂ္ဂကို ပအိုဝ်းအမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်နိုင်ရန်နှင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများတွင် အမျိုးသားများနှင့် တန်းတူအခွင့်အရေးများ ရရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ တအာင်းအမျိုးသမီးများအဖွဲ့အစည်းကို တအောင်းအမျိုးသမီးများ အခန်းကဏ္ဍအသီးသီးတွင် ပါဝင်လာစေရန် ရည်ရွယ်၍ ၂၀၀၀ ခုနှစ်တွင်လည်းကောင်း၊ ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေးအသင်းကို မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် လူမှုရေး ပြောင်းလဲမှု များဖြစ်ပေါ်လာရေး လှုပ်ရှားမှုတွင် ရပ်ရွာ လူမှုအသိုင်းအဝိုင်းကို အခြပြေုသည့် လှုပ်ရှားဆောင်ရွက်မှုများ၊ သုတေသနပြုခြင်းများနှင့် စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို ဆောင်ရွက်ခြင်းအားဖြင့် ကျား-မ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို အမျိုးသမီးများ ရရှိလာစေရေးကို ရည်ရွယ်၍ ၁၉၉၉ ခုနှစ်တွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီးအဖွဲ့အစည်းများမှာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)၏ အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်ကြပြီး အမျိုးသမီးနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် ဆောင်ရွက်နကြခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~