ပင်းတယ၊ ရွာငံ၊ ကလော ဒေသများအတွင်း ပွင့်လင်းရာသီတွင် လာရောက်လည်ပတ်မည့် ခရီးသွားများ ဓါတ်ပုံဝင်ရိုက်မည်ကို လမ်းဘေးစိုက်ခင်းပိုင်ရှင်များ စိုးရိမ်နေ

ပင်းတယ၊ ရွာငံ၊ ကလော ဒေသများအတွင်း ပွင့်လင်းရာသီတွင် လာရောက်လည်ပတ်မည့် ခရီးသွားများ ဓါတ်ပုံဝင်ရိုက်မည်ကို လမ်းဘေးစိုက်ခင်းပိုင်ရှင်များ စိုးရိမ်နေ
အောကျတိုဘာ 5, 2018
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ်များမှ လမ်းဘေးစိုက်ခင်းများအတွင်း ခရီးသွား ဧည့်သည်များ ဓာတ်ပုံ ဝင်ရိုက်ကြသဖြင့် စိုက်ခင်းပျက်စီးမှုများနှင့် ယမန်နှစ်က ကြုံတွေ့ခဲ့ရသဖြင့် ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီ ခရီးသွားများ လာရောက်လည်ပတ်ကြတော့မည်ဖြစ်ရာ ဒေသခံများ စိုးရိမ် နေကြကြောင်း သိရသည်။



ခရီးသွားများအနေဖြင့် လမ်းဘေးစိုက်ခင်းများတွင် ဓါတ်ပုံရိုက်ရာတွင် စိုက်ခင်းများမပျက်စီးစေရေး သတိထားရန် ပင်းတယဒေသခံလူငယ်တစ်ဦးဖြစ်သည့် စိုင်းလူခေးက အသိပေးဗီနိုင်းများကို လမ်းဘေးစိုက်ခင်းများ၌ စိုက်ထူခြင်းကို ၂၀၁၇ ခုနှစ်က ကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။


Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ်များမှ လမ်းဘေးစိုက်ခင်းများအတွင်း ခရီးသွား ဧည့်သည်များ ဓာတ်ပုံ ဝင်ရိုက်ကြသဖြင့် စိုက်ခင်းပျက်စီးမှုများနှင့် ယမန်နှစ်က ကြုံတွေ့ခဲ့ရသဖြင့် ၂၀၁၈ ခုနှစ် ပွင့်လင်းရာသီ ခရီးသွားများ လာရောက်လည်ပတ်ကြတော့မည်ဖြစ်ရာ ဒေသခံများ စိုးရိမ် နကြေကြောင်း သိရသည်။

"အမှန်ဆို ဓာတ်ပုံဘယ်လောက်ပဲ ရိုက်ရိုက် အပြင်ကနေပဲ ရိုက်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်းနှမ်းပွင့်တွေက ပျက်သွားပြီဆိုရင် မစားရတော့ဘူးလေ။ တောင်သူတွေအတွက် နစ်နာတယ်။ အမှန်ဆို နှစ်ဦးနှစ်ဖက်လုံးအတွက် ကြည့်ပေးရမှာ။ သူတို့က လေ့လာရေး ခရီးလာတာပဲဆိုပြီး ခဏတဖြုတ် ဝင်ရိုက်သွားတာက နည်းနည်း နည်းနည်းဆိုပေမဲ့ များသွားရင် တစ်ဧကစာလည်း ပျက်သွားနိုင်တာပဲလေ”ဟု ပင်းတယမြို့နယ်အတွင်းမှ ပန်းနှမ်းစိုက်ခင်းပိုင်ရှင်တောင်သူတစ်ဦးက ပြောသည်။

ရွာငံ၊ ပင်းတယ၊ ကလောဒေသများတွင် ခရီးသွားများက ပန်းနှမ်း၊ မုန်ညှင်းစသည့် လမ်းဘေးစိုက်ခင်းများ အတွင်း ဓာတ်ပုံဝင်ရိုက်ခြင်း၊ စိုက်ခင်းများအတွင်း ရေသန့်ဘူးခွံနှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့မှုများကြောင့် အပင်များပျက်စီးခြင်း၊ သီးနှံအထွက်လျော့ခြင်းများကို ၂၀၁၅ ခုနှစ်ကတည်းက ကြုံတွေ့နေရကြောင်း သိရသည်။

ခရီးသွားများအနဖြေင့် လမ်းဘေးစိုက်ခင်းများတွင် ဓာတ်ပုံရိုက်ရာတွင် စိုက်ခင်းများမပျက်စီးစေရေး သတိထားရန် ပင်းတယဒေသခံလူငယ်တစ်ဦးဖြစ်သည့် စိုင်းလူခေးက အသိပေးဗီနိုင်းများကို လမ်းဘေးစိုက်ခင်းများ၌ စိုက်ထူခြင်းကို ၂၀၁၇ ခုနှစ်က ကိုယ်ထူကိုယ်ထလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံ၊ ပင်းတယနှင့် ကလောမြို့နယ်များသည် ဒေသတွင်း သဘာဝရှုခင်းများ သာယာလှပမှုကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ သွားလာလည်ပတ်မှုများသည့် ဒေသများဖြစ်ပြီး ဒေသတွင်း ရာသီအလိုက် စိုက်ခင်းများတွင် ခရီးသွားရင်း ဓာတ်ပုံရိုက်သူများ၊ အလှဓာတ်ပုံ ဝင်ရိုက်သူများကြောင့် ဒေသခံများ၏ စိုက်ခင်းများပျက်စီးမှုနှင့် ကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စိုင်းလူခေး(ဓနုမြေ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~