လားရိႈးတြင္ ၿမိဳ႕နယ္တရားရံုးအခ်ဳပ္ခန္းေဖါက္ၿပီး ထြက္ေျပးသူ(၂)ဦးကို နာရီပိုင္းအတြင္း ဖမ္းဆီးရမိေသာ္လည္း တစ္ဦး ေသဆံုး

လားရိႈးတြင္ ၿမိဳ႕နယ္တရားရံုးအခ်ဳပ္ခန္းေဖါက္ၿပီး ထြက္ေျပးသူ(၂)ဦးကို နာရီပိုင္းအတြင္း ဖမ္းဆီးရမိေသာ္လည္း တစ္ဦး ေသဆံုး
အောက်တိုဘာ 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔ ညေနပိုင္းက တရားရံုးအခ်ဳပ္ခန္း၏ အမိုးအား ေဖာက္၍ ထြက္ေျပးသည့္ အခ်ဳပ္သားအမ်ိဳးသား(၂)ဦးကို နာရီပိုင္းအတြင္း ျပန္လည္ ဖမ္းဆီးရမိၿပီး (၂)ဦးအနက္ ပစ္ခတ္ဖမ္းဆီးထားသူတစ္ဦးမွာ ေဆးရံုတြင္ ေသဆံုးသြားေၾကာင္း သိရသည္။

ၿမိဳ႕နယ္တရားရံုးတြင္ အမႈစစ္ေဆးခံရန္ ေရာက္ရိွေနသည့္ အခ်ဳပ္သား(၂)ဦးသည္ တရားရံုးမ်ားတြင္ အမႈရင္ဆုိင္ရသူမ်ားကို ယာယီထားရိွရာ အခ်ဳပ္ခန္း၏ အမိုးသြပ္ကိုလွန္၍ ညေန (၃)နာရီခြဲဝန္းက်င္က ထြက္ေျပး သြားျခင္းျဖစ္ေၾကာင္း သိရသည္။

လံုၿခံဳေရးအေစာင့္ရဲက ေသနတ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ဖမ္းဆီးရာ ထြက္ေျပးသူတစ္ဦးအား ခါးတြင္ ေသနတ္ဒဏ္ရာ တစ္ခ်က္ျဖင့္ ျပန္လည္ ဖမ္းဆီးရမိခဲ့ၿပီး အဆိုပါ အခ်ဳပ္သားမွာ အခ်ဳပ္ခန္းအမိုးမွ အုတ္နံရံေပၚ ခုန္ခ်စဥ္ ၿခံစည္းရိုးဘလိတ္ႀကိဳးျဖင့္ ဦးေခါင္းတြင္ထိခိုက္သည့္ ဒဏ္ရာပါရရိွသြားသျဖင့္ ေဆးရံုတင္ပို႔ထားစဥ္ ေသသံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

က်န္တစ္ဦးကိုလည္း တရားရံုးအနီး ဘူတာလမ္းေပၚတြင္ လားရႈိးၿမိဳ႕မရဲတပ္ဖြဲ႔မွ ျပန္လည္ဖမ္းဆီးမိခ့ဲၿပီး ထြက္ေျပးသူ (၂)ဦးလံုးကို နာရီပိုင္းအတြင္း ျပန္လည္ထိန္းသိမ္းႏိုင္ခ့ဲေၾကာင္း သိရသည္။

လက္ရွိတြင္ ရဲတပ္ဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့ ညနေပိုင်းက တရားရုံးအချုပ်ခန်း၏ အမိုးအား ဖောက်၍ ထွက်ပြေးသည့် အချုပ်သားအမျိုးသား(၂)ဦးကို နာရီပိုင်းအတွင်း ပြန်လည် ဖမ်းဆီးရမိပြီး (၂)ဦးအနက် ပစ်ခတ်ဖမ်းဆီးထားသူတစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။

မြို့နယ်တရားရုံးတွင် အမှုစစ်ဆေးခံရန် ရောက်ရှိနေသည့် အချုပ်သား(၂)ဦးသည် တရားရုံးများတွင် အမှုရင်ဆိုင်ရသူများကို ယာယီထားရှိရာ အချုပ်ခန်း၏ အမိုးသွပ်ကိုလှန်၍ ညနေ (၃)နာရီခွဲဝန်းကျင်က ထွက်ပြေး သွားခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးအစောင့်ရဲက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ ထွက်ပြေးသူတစ်ဦးအား ခါးတွင် သေနတ်ဒဏ်ရာ တစ်ချက်ဖြင့် ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ အချုပ်သားမှာ အချုပ်ခန်းအမိုးမှ အုတ်နံရံပေါ် ခုန်ချစဉ် ခြံစည်းရိုးဘလိတ်ကြိုးဖြင့် ဦးခေါင်းတွင်ထိခိုက်သည့် ဒဏ်ရာပါရရှိသွားသဖြင့် ဆေးရုံတင်ပို့ထားစဉ် သေသုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်တစ်ဦးကိုလည်း တရားရုံးအနီး ဘူတာလမ်းပေါ်တွင် လားရှိုးမြို့မရဲတပ်ဖွဲ့မှ ပြန်လည်ဖမ်းဆီးမိခဲ့ပြီး ထွက်ပြေးသူ (၂)ဦးလုံးကို နာရီပိုင်းအတွင်း ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~