သတင္းလြတ္လပ္ခြင့္ရရိွေရးႏွင့္ ဖမ္းဆီးထားေသာ သတင္းသမားမ်ားျပန္လႊတ္ေပးေရး ကရင္နီလူငယ္မ်ားလႈပ္႐ွား

သတင္းလြတ္လပ္ခြင့္ရရိွေရးႏွင့္ ဖမ္းဆီးထားေသာ သတင္းသမားမ်ားျပန္လႊတ္ေပးေရး ကရင္နီလူငယ္မ်ားလႈပ္႐ွား
စက်တင်ဘာ 16, 2018
By 🌸
သတင္းလြတ္လပ္ခြင့္ရ႐ွိေရးႏွင့္ ဖမ္းဆီးေထာင္ခ်ထားေသာ သတင္းေထာက္မ်ားအား ျပန္လႊတ္ေပးရန္ ကယားျပည္နယ္၊  ဒီးေမာ့ဆိုၿမိဳ႕နယ္၊ ေငြေတာင္ဆည္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၆) ရက္ေန႔၌ ကရင္နီလူငယ္အဖြဲ႕က လႈပ္ရွားမႈတစ္ရပ္ျပဳလုပ္သည္။

"လက္႐ွိတရား႐ုံးေတြကို ျပည္သူလူထုေတြ ယုံၾကည္မႈမ႐ွိဘူး။ တရားသူႀကီးေတြ အဂတိလိုက္စားမႈ မ်ားေနတယ္။ တရားစီရင္ေရးမွာ အုပ္ခ်ဳပ္ေရးေတြ ဝင္ေရာက္စြက္ဖက္ေနတာကို ေတြ႔႐ွိရတယ္။ သတင္းမီဒီယာ လြတ္လပ္ခြင့္ရ႐ွိဖို႔၊ ဒီကိစၥ အမ်ားျပည္သူသိ႐ွိဖို႔၊ သတင္းမီဒီယာေတြ အေၾကာက္တရားကေနကင္းလြတ္ဖို႔၊ တရားဥပေဒစိုးမိုးေရး႐ွိႏိုင္ရန္ မွ်တတဲ့ တရားစီရင္ေရးရ႐ွိဖို႔၊ သတင္းမီဒီယာမ်ားကို ဖိႏွိပ္မႈေတြ ရပ္တန္႔ေပးဖို႔၊ မတရားေထာင္ခ်ခံရတဲ့ ကိုဝလုံးႏွင့္ ကိုေက်ာ္စိုးဦးတို႔ ႏွစ္ဦး အျမန္ဆုံးလြတ္ေျမာက္ႏိုင္ဖို႔ ဒီေန႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုရျခင္းျဖစ္တယ္ " ဟု လႈပ္႐ွားမႈတြင္ ပါဝင္သူတစ္ဦးျဖစ္သည့့္ ကိုဂြၽန္ေပါက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သတင္းမီဒီယာမ်ားအေပၚ ဖိႏွိပ္မႈရပ္တန္႔ေပးရန္၊ ဖမ္းဆီးေထာင္ခ်ထားေသာ သတင္းေထာက္မ်ားအား ျပန္လႊတ္ေပးရန္ ေတာင္းဆုိခ်က္စာတန္းမ်ားပါသည့္ ဗီးႏိုင္းမ်ားကိုင္ေဆာင္ကာ  ဆႏၵေဖာ္ထုတ္ၾကသည္ကို ေတြ႔ရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - JP

~~~~~~~~⊰❂ unicode ~~~~~~~~
သတင်းလွတ်လပ်ခွင့်ရရှိရေးနှင့် ဖမ်းဆီးထားသော သတင်းသမားများပြန်လွှတ်ပေးရေး ကရင်နီလူငယ်များလှုပ်ရှား
*********
သတင်းလွတ်လပ်ခွင့်ရရှိရေးနှင့် ဖမ်းဆီးထောင်ချထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရန် ကယားပြည်နယ်၊  ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့၌ ကရင်နီလူငယ်အဖွဲ့က လှုပ်ရှားမှုတစ်ရပ်ပြုလုပ်သည်။

"လက်ရှိတရားရုံးတွေကို ပြည်သူလူထုတွေ ယုံကြည်မှုမရှိဘူး။ တရားသူကြီးတွေ အဂတိလိုက်စားမှု များနေတယ်။ တရားစီရင်ရေးမှာ အုပ်ချုပ်ရေးတွေ ဝင်ရောက်စွက်ဖက်နေတာကို တွေ့ရှိရတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ရရှိဖို့၊ ဒီကိစ္စ အများပြည်သူသိရှိဖို့၊ သတင်းမီဒီယာတွေ အကြောက်တရားကနေကင်းလွတ်ဖို့၊ တရားဥပဒေစိုးမိုးရေးရှိနိုင်ရန် မျှတတဲ့ တရားစီရင်ရေးရရှိဖို့၊ သတင်းမီဒီယာများကို ဖိနှိပ်မှုတွေ ရပ်တန့်ပေးဖို့၊ မတရားထောင်ချခံရတဲ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦး အမြန်ဆုံးလွတ်မြောက်နိုင်ဖို့ ဒီနေ့ ကျွန်တော်တို့ တောင်းဆိုရခြင်းဖြစ်တယ် " ဟု လှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုဂျွန်ပေါက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုရပ်တန့်ပေးရန်၊ ဖမ်းဆီးထောင်ချထားသော သတင်းထောက်များအား ပြန်လွှတ်ပေးရန် တောင်းဆိုချက်စာတန်းများပါသည့် ဗီးနိုင်းများကိုင်ဆောင်ကာ  ဆန္ဒဖော်ထုတ်ကြသည်ကို တွေ့ရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - JP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~