ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ ႏို၀င္ဘာလ(၁၅)ရက္ေန႔တြင္ စတင္ကာ (၉)ရက္ က်င္းပမည္

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ ႏို၀င္ဘာလ(၁၅)ရက္ေန႔တြင္ စတင္ကာ (၉)ရက္ က်င္းပမည္
စက်တင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၅)ရက္ေန႔၌ စတင္က်င္းပမည့္ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏွစ္စဥ္က်င္းပသည္ထက္ (၁)ရက္ေလွ်ာ့၍ (၉)ရက္တာ က်င္းပမည္ ျဖစ္ေၾကာင္း သိရသည္။

“ဒီႏွစ္ပြဲက်င္းပမယ့္ရက္က (၉) ရက္ပဲ က်င္းပမွာျဖစ္ပါတယ္။ နို၀င္ဘာလ (၁၅) ရက္ေန႔ကေန (၂၃) ရက္ေန႔အထိ က်င္းပမွာျဖစ္ပါတယ္။ (၈)ရက္ကၿပိဳင္ပြဲဝင္မယ္ ေနာက္တစ္ရက္က ဆုေပးပြဲက်င္းပမွာပါ။ အရင္ႏွစ္ကေတာ့ (၁၀) ရက္က်င္းပတာပါ။ ရက္ေလ်ာ့သြားတာက ၿပိဳင္ပြဲ၀င္နည္းတာလည္း မဟုတ္ဘူး။ အလံုးေရနည္းတာလည္း မဟုတ္ပါဘူး။ ပြဲဦးစီးေကာ္မတီက သတ္မွတ္ထားလို႔ပါ” ဟု ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္ မီးပံုးပ်ံပြဲက်င္းပေရးဦးစီးေကာ္မတီ၀င္ ပြဲက်င္းပေရး ဆပ္ေကာ္မတီ တြဲဘက္ အတြင္းေရးမွဴး ေဒါက္တာသန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရိုးရာမီးပံုးပ်ံပြဲေတာ္ကို ေတာင္ႀကီးၿမိဳ႕ အေ၀ရာမီးပံုးပ်ံကြင္းႀကီးတြင္ နို၀င္ဘာလ (၁၅) ရက္ေန႔မွ (၂၂) ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး (၂၃)ရက္ေန႔တြင္ ဆုေပးပြဲအခမ္းအနား က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

မီးပံုးပ်ံပြဲေတာ္အတြက္ ၿပိဳင္ပြဲဝင္မီးပံုးပ်ံစာရင္းမ်ားကို ေအာက္တိုဘာလ (၁)ရက္ေန႔မွ ႏုိဝင္ဘာလ(၁)ရက္ေန႔အထိ စာရင္းေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္တြင္ ေတာင္ႀကီးခရိုင္အတြင္းမွ မီးပံုးပ်ံၿပိဳင္ပြဲဝင္မ်ား သာမက ကယားျပည္နယ္မွလည္း လာေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း -  ႏိုႏို
ဓါတ္ပံု - ႐ွမ္းျပည္နယ္႐ိုးရာမီးပံုးပ်ံပညာ႐ွင္မ်ားအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့၌ စတင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ်ကျင်းပသည်ထက် (၁)ရက်လျှော့၍ (၉)ရက်တာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ပွဲကျင်းပမယ့်ရက်က (၉) ရက်ပဲ ကျင်းပမှာဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၅) ရက်နေ့ကနေ (၂၃) ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ (၈)ရက်ကပြိုင်ပွဲဝင်မယ် နောက်တစ်ရက်က ဆုပေးပွဲကျင်းပမှာပါ။ အရင်နှစ်ကတော့ (၁၀) ရက်ကျင်းပတာပါ။ ရက်လျော့သွားတာက ပြိုင်ပွဲဝင်နည်းတာလည်း မဟုတ်ဘူး။ အလုံးရေနည်းတာလည်း မဟုတ်ပါဘူး။ ပွဲဦးစီးကော်မတီက သတ်မှတ်ထားလို့ပါ” ဟု တောင်ကြီး တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပွဲကျင်းပရေးဦးစီးကော်မတီဝင် ပွဲကျင်းပရေး ဆပ်ကော်မတီ တွဲဘက် အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရိုးရာမီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့ အေဝရာမီးပုံးပျံကွင်းကြီးတွင် နိုဝင်ဘာလ (၁၅) ရက်နေ့မှ (၂၂) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး (၂၃)ရက်နေ့တွင် ဆုပေးပွဲအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံပွဲတော်အတွက် ပြိုင်ပွဲဝင်မီးပုံးပျံစာရင်းများကို အောက်တိုဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ(၁)ရက်နေ့အထိ စာရင်းကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ကြီးခရိုင်အတွင်းမှ မီးပုံးပျံပြိုင်ပွဲဝင်များ သာမက ကယားပြည်နယ်မှလည်း လာရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို
ဓာတ်ပုံ - ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာရှင်များအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~