အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းႀကီးမ်ားအဖြဲ႔မွ အမ်ားပိုင္ကုမၸဏီ ထူေထာင္ၿပီး ႏုိ၀င္ဘာလအကုန္အထိ အစုရွယ္ယာမ်ား ေရာင္းခ်သြားမည္

အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းႀကီးမ်ားအဖြဲ႔မွ အမ်ားပိုင္ကုမၸဏီ ထူေထာင္ၿပီး ႏုိ၀င္ဘာလအကုန္အထိ အစုရွယ္ယာမ်ား ေရာင္းခ်သြားမည္
စက်တင်ဘာ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသား ေဟာင္းႀကီးမ်ားက အမ်ားပိုင္ ကုမၸဏီထူေထာင္ၿပီး အထက(တာခ်ီလိတ္)မွ ပင္စင္စား ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူေဟာင္းမ်ားကိုသာ အစုရွယ္ယာေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ J My King သေဘၤာဟိုတယ္တြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၄)ရက္ေန႔က က်င္းပသည့္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းႀကီးမ်ား၏ အစည္းအေဝးတြင္ ယင္းကဲ့သို႔ ဆံုးျဖတ္လုိက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ားပိုင္ ကုမၸဏီ၏ အစုရွယ္ယာတစ္စုလွ်င္ က်ပ္ေငြ (၅) သိန္းႏႈန္း သတ္မွတ္ထားၿပီး အျပင္လူမ်ားကို လုံးဝေရာင္းခ်မည္ မဟုတ္သည့္ အျပင္ အစုရွယ္ယာရွင္မ်ား၏ မိသားစုဝင္မ်ား သားစဥ္ေျမးဆက္ ခံစားခြင့္ တြင္လည္း အစုရွယ္ယာမ်ားကို အျပင္လူသို႔ ေရာင္းခ်ခြင့္ေပးထားမည္ မဟုတ္ေၾကာင္း သိရသည္။

အဆိုပါ ကုမၸဏီမွ အက်ဳိးအျမတ္မ်ားကို ကုမၸဏီအတြက္ (၁၀)ရာခုိင္ႏႈန္း၊ ေက်ာင္းသူ ေက်ာင္းသားေဟာင္းႀကီးမ်ား၏ မိသားစုက်န္းမာေရး၊ နာေရးနွင့္ အျခားလိုအပ္သည့္ေနရာမ်ားတြင္ အသုံးျပဳရန္ (၁၀)ရာခုိင္ႏႈန္း၊ က်န္ (၈၀)ရာခုိင္ႏႈန္းကို အစုရွယ္ယာရွင္မ်ားကို အခ်ိဳးက် ခြဲေဝေပးမည္ျဖစ္ေၾကာင္း သိရသည္။

ကုမၸဏီ၏ ပထမအႀကိမ္ အစုရွယ္ယာေရာင္းခ်ျခင္းကို ၂၀၁၈ ခုႏွစ္၊ နုိဝင္ဘာလကုန္ ေနာက္ဆုံးထား ေရာင္းခ်ရန္ အဆိုပါ အစည္းအေဝးတြင္ အသင္းနာယက ေဒၚတင္ေမထြန္းက အႀကံျပဳတင္ျပထားေၾကာင္း သိရၿပီး ကုမၸဏီနွင့္ပတ္သက္၍ အေသးစိတ္ျပန္လည္ ေၾကာ္ျငာေပးမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မွ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသား ေဟာင္းႀကီးမ်ားအဖြဲ႔ ဥကၠဌ ဦးတင္ဝင္းက ေျပာၾကားသည္။

အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းႀကီးမ်ား၏ ေက်ာင္းသားမိတ္ဆုံစားပြဲကိုလည္း ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၇)ရက္ေန႔တြင္ က်င္းပသြားရန္ အစည္းအေဝးတြင္ ဆံုးျဖတ္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသား ဟောင်းကြီးများက အများပိုင် ကုမ္ပဏီထူထောင်ပြီး အထက(တာချီလိတ်)မှ ပင်စင်စား ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူဟောင်းများကိုသာ အစုရှယ်ယာရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ J My King သင်္ဘောဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့က ကျင်းပသည့် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းကြီးများ၏ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာတစ်စုလျှင် ကျပ်ငွေ (၅) သိန်းနှုန်း သတ်မှတ်ထားပြီး အပြင်လူများကို လုံးဝရောင်းချမည် မဟုတ်သည့် အပြင် အစုရှယ်ယာရှင်များ၏ မိသားစုဝင်များ သားစဉ်မြေးဆက် ခံစားခွင့် တွင်လည်း အစုရှယ်ယာများကို အပြင်လူသို့ ရောင်းချခွင့်ပေးထားမည် မဟုတ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှ အကျိုးအမြတ်များကို ကုမ္ပဏီအတွက် (၁၀)ရာခိုင်နှုန်း၊ ကျောင်းသူ ကျောင်းသားဟောင်းကြီးများ၏ မိသားစုကျန်းမာရေး၊ နာရေးနှင့် အခြားလိုအပ်သည့်နေရာများတွင် အသုံးပြုရန် (၁၀)ရာခိုင်နှုန်း၊ ကျန် (၈၀)ရာခိုင်နှုန်းကို အစုရှယ်ယာရှင်များကို အချိုးကျ ခွဲဝေပေးမည်ဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီ၏ ပထမအကြိမ် အစုရှယ်ယာရောင်းချခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန် နောက်ဆုံးထား ရောင်းချရန် အဆိုပါ အစည်းအဝေးတွင် အသင်းနာယက ဒေါ်တင်မေထွန်းက အကြံပြုတင်ပြထားကြောင်း သိရပြီး ကုမ္ပဏီနှင့်ပတ်သက်၍ အသေးစိတ်ပြန်လည် ကြော်ငြာပေးမည်ဖြစ်ကြောင်း တာချီလိတ်မြို့မှ အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသား ဟောင်းကြီးများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ပြောကြားသည်။

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းကြီးများ၏ ကျောင်းသားမိတ်ဆုံစားပွဲကိုလည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့တွင် ကျင်းပသွားရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~