မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံဓမ္မခရီးကြွမည့် မြန်မာကိုယ်စားပြု ဆရာတော်များ ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံဓမ္မခရီးကြွမည့် မြန်မာကိုယ်စားပြု ဆရာတော်များ ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ
အောက်တိုဘာ 14, 2019
By Tachileik News Agency
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံဓမ္မခရီးကြွမည့် မြန်မာကိုယ်စားပြု ဆရာတော်များ 
ရန်ကုန်လေဆိပ်မှ စတင်ထွက်ခွာ

ထိုင်း၊ မြန်မာ၊ ဗိီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ခရီးစဉ်တွင် ပါဝင်ကြွရောက်မည့် မြန်မာကိုယ်စားပြု ဆရာတော်များ ဦးဆောင်သည့် အဖွဲ့(၁)သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက လေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ပြီး နဝကမ္မဝတ္ထုငွေများ လှူဒါန်းသည်။

အဆိုပါ ဓမ္မခရီးစဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး မဲခေါင်မြစ်ဝှမ်း (၅)နို်င်ငံသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွရောက်ကြမည်ဖြစ်သည်။

(၅)နိုင်ငံမှ ဆရာတော်၊သံဃာတော်များသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နှင့် ကျိုင်းတုံသို့များသို့လည်း အောက်တိုဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကြွရောက်ကာ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓဂါယာမှ ယူဆောင်လာသော မဟာဗောဓိညောင်ပင်များစိုက်ပျိုးခြင်းတို့ ပြုလုပ်ကြမည်ဖြစ်ပြီး ဒေသခံလူထုက ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်သည်။

သာသနာ့နုဂ္ဂဟအသင်း(ဗဟို)



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို ခရီးစဉ်တွင် ပါဝင်ကြွရောက်မည့် မြန်မာကိုယ်စားပြု ဆရာတော်များ ဦးဆောင်သည့် အဖွဲ့(၁)သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ စတင်ထွက်ခွာရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက လေဆိပ်သို့ လိုက်လံပို့ဆောင်နှုတ်ဆက်ပြီး နဝကမ္မဝတ္ထုငွေများ လှူဒါန်းသည်။

အဆိုပါ ဓမ္မခရီးစဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွရောက်ကြမည်ဖြစ်သည်။



 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net