လြိဳင္ေကာ္ၿမိဳ႕ နမ့္ေဘာ္ဝမ္႐ွမ္း(က)အုပ္စု (၉)ရပ္ကြက္ ရွိ ေနအိမ္မ်ားႏွင့္ ပတ္သက္၍ ဖယ္ရွားခိုင္းျခင္းကို ပယ္ဖ်က္ေပးရန္ ဆႏၵထုတ္ေဖာ္

လြိဳင္ေကာ္ၿမိဳ႕ နမ့္ေဘာ္ဝမ္႐ွမ္း(က)အုပ္စု (၉)ရပ္ကြက္ ရွိ ေနအိမ္မ်ားႏွင့္ ပတ္သက္၍ ဖယ္ရွားခိုင္းျခင္းကို ပယ္ဖ်က္ေပးရန္ ဆႏၵထုတ္ေဖာ္
စက်တင်ဘာ 23, 2018
By Tachileik News Agency
ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ နမ့္ေဘာ္ဝမ္႐ွမ္း(က)အုပ္စု (၉ )ရပ္ကြက္႐ွိ ေနအိမ္အခ်ိဳ႕မွာ ၁၉၅၁ ခုႏွစ္က ကရင္နီေစာဖ်ာမ်ားမွ သာသနာေျမအျဖစ္ အသုံးျပဳရန္ လွဴဒါန္းခဲ့သည့္ ဧက (၄၀၀)ေက်ာ္ဧရိယာ အတြင္း ပါဝင္ေနသျဖင့္ ဖယ္ရွားခုိင္းျခင္းကို ပယ္ဖ်က္ေပးရန္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၃) ရက္ေန႔တြင္ ဆႏၵေဖာ္ထုတ္ၾကသည္။

"ကြၽန္ေတာ္တို႔က ေနာင္တစ္ခ်ိန္လည္း ဒီလို အိုးအိမ္ေတြ ျပန္မျဖစ္ႏိုင္ေတာ့တဲ့ အသက္ အရြယ္ေတြျဖစ္ေနၿပီ။ အနာဂတ္ ေက်ာင္းသားလူငယ္ေတြလည္း ႐ွိတယ္။ သက္ႀကီးရြယ္အိုေတြလည္း ႐ွိတယ္။ အစိုးရက ကြၽန္ေတာ္တို႔ကို ၾကားဝင္ ေျဖ႐ွင္းေပးပါ။ အမ်ားျပည္သူေတြနဲ႔ တန္းတူ အခြင့္အေရးေပးပါ။ အစိုးရရဲ႕ေစာင့္ေ႐ွာက္မႈ ေအာက္မွာထားပါ၊ ကြၽန္ေတာ္တို႔က သူတို႔ေျပာသလို က်ဴးေတြ မဟုတ္ပါဘူး"ဟု ဆႏၵထုတ္ေဖၚပြဲကို ဦးေဆာင္သူ ကိုေအာင္ႏိုင္ဝင္းက  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ရပ္ကြက္ရွိအိမ္ေျခ (၁၅၀) ေက်ာ္နီးပါးမွာ သာသနာ့ေျမအတြင္း ေရာက္ရိွေနသျဖင့္  ၂၀၁၆ ခုႏွစ္မွစ၍  က်ဴးအျဖစ္ သတ္မွတ္ထားၿပီး ၂၀၁၈ ခုႏွစ္တြင္ အဆိုပါ ေနအိမ္မ်ားႏွင့္ ၿခံမ်ားအား ေရႊ႕ေျပာင္းခိုင္းသျဖင့္ ဆႏၵထုတ္ေဖၚျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ့္မိဘေတြ ခက္ခက္ခဲခဲ ပင္ပင္ပန္းပန္း ရွာထားရတဲ့အိမ္ကို အစိုးရက သိမ္းမယ္ဆိုလို႔ ကြ်န္ေတာ္တို႔ အခု အဲဒီအိမ္ပဲရွိတာ အဲဒီအိမ္ကို သိမ္းမယ္ဆိုေတာ့ ဘယ္မွာ သြားေနရမလဲ။ ဒီအိမ္ မရွိေတာ့ရင္ ေက်ာင္းလည္းတက္လို႔ မရေတာ့ဘူး။ အခုဆိုလည္း ဆယ္တန္းစာေမးပြဲလည္း နီးေနၿပီ။ ကြ်န္ေတာ္ဘယ္လို ပညာဆက္သင္ရမလဲ။ ဒါေၾကာင့္ ကြၽန္ေတာ္ကိုယ္တိုင္ ဒီထဲမွာပါဝင္တာ"ဟု ဆႏၵေဖာ္ထုတ္ရာတြင္ ပါဝင္သည့္ ဆယ္တန္းေက်ာင္းသားတစ္ဦးက ေျပာသည္။

အဆိုပါ ေနရာတြင္ ေနထိုင္သူမ်ားမွာ ေျမမ်ားစတင္ ဝယ္ယူစဥ္က သာသနာ့ေျမ အျဖစ္ သိ႐ွိခဲ့ျခင္း မ႐ွိသည့္ အျပင္ ယခင္က စိုက္ခင္းပိုင္႐ွင္မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔စည္းမ်ားပုိင္ ေျမမ်ားကို ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားေ႐ွ႕တြင္ လက္မွတ္ထိုးကာ ဝယ္ယူခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့ နမ့်ဘော်ဝမ်ရှမ်း(က)အုပ်စု (၉ )ရပ်ကွက်ရှိ နေအိမ်အချို့မှာ ၁၉၅၁ ခုနှစ်က ကရင်နီစောဖျာများမှ သာသနာမြေအဖြစ် အသုံးပြုရန် လှူဒါန်းခဲ့သည့် ဧက (၄၀၀)ကျော်ဧရိယာ အတွင်း ပါဝင်နေသဖြင့် ဖယ်ရှားခိုင်းခြင်းကို ပယ်ဖျက်ပေးရန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဆန္ဒဖော်ထုတ်ကြသည်။

"ကျွန်တော်တို့က နောင်တစ်ချိန်လည်း ဒီလို အိုးအိမ်တွေ ပြန်မဖြစ်နိုင်တော့တဲ့ အသက် အရွယ်တွဖြေစ်နပြေီ။ အနာဂတ် ကျောင်းသားလူငယ်တွေလည်း ရှိတယ်။ သက်ကြီးရွယ်အိုတွေလည်း ရှိတယ်။ အစိုးရက ကျွန်တော်တို့ကို ကြားဝင် ဖြေရှင်းပေးပါ။ အများပြည်သူတွေနဲ့ တန်းတူ အခွင့်အရေးပေးပါ။ အစိုးရရဲ့စောင့်ရှောက်မှု အောက်မှာထားပါ၊ ကျွန်တော်တို့က သူတို့ပြောသလို ကျူးတွေ မဟုတ်ပါဘူး"ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ကိုအောင်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ရပ်ကွက်ရှိအိမ်ခြေ (၁၅၀) ကျော်နီးပါးမှာ သာသနာ့မြေအတွင်း ရောက်ရှိနေသဖြင့် ၂၀၁၆ ခုနှစ်မှစ၍ ကျူးအဖြစ် သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်တွင် အဆိုပါ နေအိမ်များနှင့် ခြံများအား ရွှေ့ပြောင်းခိုင်းသဖြင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်မိဘတွေ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာထားရတဲ့အိမ်ကို အစိုးရက သိမ်းမယ်ဆိုလို့ ကျွန်တော်တို့ အခု အဲဒီအိမ်ပဲရှိတာ အဲဒီအိမ်ကို သိမ်းမယ်ဆိုတော့ ဘယ်မှာ သွားနေရမလဲ။ ဒီအိမ် မရှိတော့ရင် ကျောင်းလည်းတက်လို့ မရတော့ဘူး။ အခုဆိုလည်း ဆယ်တန်းစာမေးပွဲလည်း နီးနပြေီ။ ကျွန်တော်ဘယ်လို ပညာဆက်သင်ရမလဲ။ ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ဒီထဲမှာပါဝင်တာ"ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် ဆယ်တန်းကျောင်းသားတစ်ဦးက ပြောသည်။

အဆိုပါ နေရာတွင် နေထိုင်သူများမှာ မြေများစတင် ဝယ်ယူစဉ်က သာသနာ့မြေ အဖြစ် သိရှိခဲ့ခြင်း မရှိသည့် အပြင် ယခင်က စိုက်ခင်းပိုင်ရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများပိုင် မြေများကို ရပ်ကွက် အုပ်ချုပ်ရေးမှူးများရှေ့တွင် လက်မှတ်ထိုးကာ ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~