ကျေးရွာပေါင်း (၄၇)ရွာ စုပေါင်းကျင်းပပြုလုပ်သည့် ကယားလိဖုလူငယ် စုပေါင်း အဲ့ဒိုပေါ်မီပွဲတော်သို့ တက်ရောက်အားပေးရန် ဖိတ်ကြားထားသော်လည်း ပြည်နယ်အစိုးရ နှင့်အဖွဲ့ တက်ရောက်လာခြင်း မရှိ

ကျေးရွာပေါင်း (၄၇)ရွာ စုပေါင်းကျင်းပပြုလုပ်သည့် ကယားလိဖုလူငယ် စုပေါင်း အဲ့ဒိုပေါ်မီပွဲတော်သို့ တက်ရောက်အားပေးရန် ဖိတ်ကြားထားသော်လည်း ပြည်နယ်အစိုးရ နှင့်အဖွဲ့ တက်ရောက်လာခြင်း မရှိ
စက်တင်ဘာ 29, 2018
By Tachileik News Agency





 ပြည်​သူ့လွှတ်​​တော်​ကိုယ်​စာလှယ်​ ​ဒေါက်​တာ​ဒေါ်ခင်​စည်​သူက မျိုးဆက်​သစ်​လူငယ်​များ အ​နေဖြင့်​ အခုလို ရိုးရာ အစဉ်​အလာပွဲ​တော်​များ ဓ​လေ့ ရိုးရာများ အ​ပေါ် ထိန်းသိမ်းမှု့မှာ အလွန်​အားနည်း​နေပြီး၊ လူများအ​နေဖြင့်​ ရိုးရာ ယဉ်​​ကျေးမှု့များအား ပြန်​လည်​​ဖော်​ထုတ်​ ထိန်းသိမ်းကြရန်​ အကြံပြု​ ပြောကြားခဲ့သည်​။




~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်အတွင်းမှ ကျေးရွာပေါင်း (၄၇)ရွာ စုပေါင်းကျင်းပပြုလုပ်သည့် (၃)ကြိမ်မြောက် ကယားလိဖုလူငယ် စုပေါင်း အဲ့ဒိုပေါ်မီပွဲတော်အား ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဖိတ်ကြားထားသော်လည်း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့မှ စက်တင်ဘာလ(၂၉)ရက်နေ့အထိ ကျင်းပခြင်းဖြစ်ကြောင်း နှင့် ပွဲတော်သို့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​( နှစ်ဦး၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​(တစ်ဦးတို့သာ တတ်​​ရောက်​​ အားပေးခဲ့ကြပြီး ပြည်​နယ်​ဝန်​ကြီးချုပ်​နှင်​့ အစိုးရအဖွဲ့ဝင်​များကို အထူးဖိတ်​ကြားခဲ့​သော်​လည်​း တက်ရောက်လာခြင်း မရှိကြောင်း သိရသည်။

"ကျွန်​​တော်​တို့ အထူးဝမ်​းနည်​းတာက​တော့ ကျွန်​​တော်​တို့ တိုင်​းရင်​းသား​တွေရဲ့ အ​လေးနက်​ထားဆုံး ဒီပွဲကို ပြည်​နယ်​အစိုးရ အဖွဲ့​တွေ ဝန်​ကြီးချုပ်​ကစပြီး​ပေါ့၊ ​သေချာဖိတ်​ကြားခဲ့ပေမယ်​့ လာ​တက်ရောက်​ခြင်​း မရှိဘူး၊ ​တော်​​တော်​ စိတ်​မ​ကောင်​း ဖြစ်​မိတယ်​။ ကိုယ်​့ပြည်​နယ်​ရဲ့ ဒီလို ကိုယ်​့တိုင်​းရင်​းသား​တွေရဲ့ အ​ရေးကြီးဆုံး ပွဲ​တော်​ကို မလာဘူး ဆိုတာ​တော့ ကျွန်​​တော်​တို့ ဘယ်​လို ဆက်​ပြီး အားကိုး ရမလဲ​ပေါ့။ ​တော်​​တော်​ စိတ်​မ​ကောင်​းဘူး"ဟု ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးတူရယ်က အဆိုပါ ပွဲ၏ အခမ်​းနားတွင်​ ပြောကြား လိုက်သည်။

ပွဲ​တော်​တွင်​ အဲ့ဒို​ပေါ်မီပွဲ​တော်​ ဖြစ်​​ပေါ်လာပုံ သမိုင်​း​ကြောင်​းများ ပြန်​လည်​​ပြောပြခြင်​း၊ ကိုယ်​စာလှယ်​များမှ ​အမှာ စကား​ပြောကြားခြင်​း၊ စု​ပေါင်​းရိုးရာ အဲ့ဒို​ပေါ်မီ အကအား ပွဲတတ်​​ရောက်​လာသူတိုင်​း စု​ပေါင်​း ကခုန်​ခြင်​းများ ပြုလုပ်​ခဲ့ကြသည်။

 ပြည်​သူ့လွှတ်​​တော်​ကိုယ်​စာလှယ်​ ​ဒေါက်​တာ​ဒေါ်ခင်​စည်​သူက မျိုးဆက်​သစ်​လူငယ်​များ အ​နဖြေင်​့ အခုလို ရိုးရာ အစဉ်​အလာပွဲ​တော်​များ ဓ​လေ့ ရိုးရာများ အ​ပေါ် ထိန်​းသိမ်​းမှု့မှာ အလွန်​အားနည်​း​နပြေီး၊ လူများအ​နဖြေင်​့ ရိုးရာ ယဉ်​​ကျေးမှု့များအား ပြန်​လည်​​ဖော်​ထုတ်​ ထိန်​းသိမ်​းကြရန်​ အကြံပြု​ ပြောကြားခဲ့သည်​။

ပွဲ​တော်​အား ၂၀၁၈ခုနှစ် စက်​တင်​ဘာလ (၂၈)ရက်​မှစ၍ ရိုးရာအကပြိုင်​ပွဲများ ဖြင်​့ စတင်​ကျင်​းပခဲ့ခြင်​းဖြစ်​ပြီး စက်​တင်​ဘာလ(၂၉)ရက်​​နေ့တွင်​ အခမ်​းအနားဖြင်​့ ကျင်​းပခဲ့ကာ ရိုးရာ အဲ့ဒို​ပေါ်မီ ပွဲ​တော်​၏ အမှတ်​လက္ခဏာ ဖြစ်​သည်​့ ဒီးကူထုပ်​ နှင်​့ ​ခေါင်​ရည်​များ ​ကျွေး​မွေးဧည်​့ခံခြင်​း၊ ​နေ့လည်​စာ ဧည်​့ခံခြင်​းများ ​ပြုလုပ်​ခဲ့ကြသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~