သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတြင္ ခရီးသည္တင္ယာဥ္ငယ္ႏွင့္ ၁၂ ဘီးယာဥ္ မ်က္ႏွာခ်င္းဆုိင္တုိက္မိ

သီေပါၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတြင္ ခရီးသည္တင္ယာဥ္ငယ္ႏွင့္ ၁၂ ဘီးယာဥ္ မ်က္ႏွာခ်င္းဆုိင္တုိက္မိ
သြဂုတ် 8, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ စံေလာင္းေက်းရြာႏွင့္ ကံုးမံုေက်းရြာအၾကား ျပည္ေထာင္စု လမ္းမႀကီးတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၈) ရက္ေန႔အကူး နံနက္(၁)နာရီမထုိးမီက (၁၂)ဘီးယာဥ္တစ္စီးႏွင့္ ခရီးသည္တင္ယာဥ္ငယ္တုိ႔ မ်က္ႏွာခ်င္းဆုိင္တုိက္မိ၍ (၁)ဦးေသ၊ (၃)ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

“မနက္အေစာပိုင္းမွာျဖစ္တာပါ။ ယာဥ္တိုက္မႈေၾကာင့္ က်ား (၁) ဦးေသဆံုး၊ (၃) ဦးဒဏ္ရာရရွိထားပါတယ္။ ယာဥ္တိုက္မႈျဖစ္တဲ့ ႏွစ္ဖက္ယာဥ္ေမာင္းေတြကို အမႈဖြင့္အေရးယူထားပါတယ္” ဟု သီေပါယာဥ္ထိန္းရဲတပ္ဖြဲ႔ မွ တပ္ၾကပ္ႀကီးဝင္းေဇာ္လတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီေပါဘက္မွ လားရႈိးဘက္သို႔လာသည့္ (၁၂) ဘီးယာဥ္ႏွင့္ မူဆယ္မွလာသည့္ ခရီးသည္တင္ယာဥ္ငယ္တစ္စီးတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိျခင္းေၾကာင့္ ခရီးသည္တင္ယာဥ္ငယ္တြင္ လိုက္ပါလာသည့္  ခရီးသည္ အမ်ိဳးသား (၅)ဦးႏွင့္ အမ်ိဳးသမီး (၄)ဦးတို႔အနက္ အသက္ (၄၂) ႏွစ္အရြယ္ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္မွ ဦးျမင့္ေက်ာ္မွာ ေနရာတြင္ေသဆံုးသြားေၾကာင္း သိရသည္။

ယာဥ္ငယ္အားေမာင္းႏွင္သူအပါအဝင္ ခရီးသည္ အမ်ိဳးသား (၂)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိထားေသာ္လည္း မစိုးရိမ္ရေၾကာင္း သိရသည္။

ယာဥ္တုိက္မႈျဖစ္ပြားသည့္ယာဥ္မ်ားမွ ယာဥ္ေမာင္းမ်ားျဖစ္သည့္ သက္ကိုဦးႏွင့္ လွမ်ိဳးတို႔အား သီေပါၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ)၃၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -Shar Htat Paing

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် ခရီးသည်တင်ယာဉ်ငယ်နှင့် ၁၂ ဘီးယာဉ် မျက်နှာချင်းဆိုင်တိုက်မိ
****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် စံလောင်းကျေးရွာနှင့် ကုံးမုံကျေးရွာအကြား ပြည်ထောင်စု လမ်းမကြီးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့အကူး နံနက်(၁)နာရီမထိုးမီက (၁၂)ဘီးယာဉ်တစ်စီးနှင့် ခရီးသည်တင်ယာဉ်ငယ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ (၁)ဦးသေ၊ (၃)ဦးဒဏ်ရာရသွားကြောင်း သိရသည်။

“မနက်အစောပိုင်းမှာဖြစ်တာပါ။ ယာဉ်တိုက်မှုကြောင့် ကျား (၁) ဦးသေဆုံး၊ (၃) ဦးဒဏ်ရာရရှိထားပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့ နှစ်ဖက်ယာဉ်မောင်းတွေကို အမှုဖွင့်အရေးယူထားပါတယ်” ဟု သီပေါယာဉ်ထိန်းရဲတပ်ဖွဲ့ မှ တပ်ကြပ်ကြီးဝင်းဇော်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီပေါဘက်မှ လားရှိုးဘက်သို့လာသည့် (၁၂) ဘီးယာဉ်နှင့် မူဆယ်မှလာသည့် ခရီးသည်တင်ယာဉ်ငယ်တစ်စီးတို့ မျက်နှာချင်းဆိုင်တိုက်မိခြင်းကြောင့် ခရီးသည်တင်ယာဉ်ငယ်တွင် လိုက်ပါလာသည့်  ခရီးသည် အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၄)ဦးတို့အနက် အသက် (၄၂) နှစ်အရွယ် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ ဦးမြင့်ကျော်မှာ နေရာတွင်သေဆုံးသွားကြောင်း သိရသည်။

ယာဉ်ငယ်အားမောင်းနှင်သူအပါအဝင် ခရီးသည် အမျိုးသား (၂)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိထားသော်လည်း မစိုးရိမ်ရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားသည့်ယာဉ်များမှ ယာဉ်မောင်းများဖြစ်သည့် သက်ကိုဦးနှင့် လှမျိုးတို့အား သီပေါမြို့မရဲစခန်းတွင် ယာဉ် (ပ)၃၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -Shar Htat Paing

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~