လားရႈိးၿမိဳ႕တြင္ နယ္ေျမလံုၿခံဳေရးအတြက္ ပူးေပါင္း ကင္းလွည့္

လားရႈိးၿမိဳ႕တြင္ နယ္ေျမလံုၿခံဳေရးအတြက္ ပူးေပါင္း ကင္းလွည့္
သြဂုတ် 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕တြင္ နယ္ေျမလံုၿခံဳေရးအတြက္ နယ္ေျမခံစစ္တပ္၊ ရဲတပ္ဖြဲ႔ႏွင့္ ျပည္သူ႔ စစ္တပ္ဖြဲ႔မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔မွ  လွည့္ကင္းေဆာင္ရြက္မႈကို ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၃၁)ရက္ နံနက္ပိုင္းက ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

နယ္ေျမလံုၿခံဳေရးအတြက္ လွည့္ကင္းေဆာင္ရြက္မႈကို လားရိႈးၿမိဳ႕ ၿမိဳ႕ေရွာင္လမ္းမွ စတင္၍ နယ္ေျမခံ တပ္ရင္းမ်ားမွ သံခ်ပ္ကာယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား ပါဝင္ကာ နယ္ေျမခံရဲတပ္ဖြဲ႔ ယာဥ္တန္းမ်ား၊ ျပည္သူ႔စစ္တပ္ဖြဲ႔ ယာဥ္တန္းမ်ားျဖင့္ စတင္ထြက္ခြာၿပီး လားရိႈးၿမိဳ႕ေတာ္ခန္းမအနီး အဝိုင္းပတ္မွ တစ္ဆင့္  ျပည္ေထာင္စုလမ္းမႀကီး အတိုင္း မူဆယ္ၿမိဳ႕ဘက္သုိ႔ သြားရာလမ္းမွ ဟိုပိတ္ေက်းရြာ အနီးထိ လွည့္ကင္းေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် နယ်မြေလုံခြုံရေးအတွက် နယ်မြေခံစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့ စစ်တပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ လှည့်ကင်းဆောင်ရွက်မှုကို ၂၀၁၈ခုနှစ် သြဂုတ်လ(၃၁)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နယ်မြေလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်မှုကို လားရှိုးမြို့ မြို့ရှောင်လမ်းမှ စတင်၍ နယ်မြေခံ တပ်ရင်းများမှ သံချပ်ကာယာဉ်များ၊ ရဟတ်ယာဉ်များ ပါဝင်ကာ နယ်မြေခံရဲတပ်ဖွဲ့ ယာဉ်တန်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ ယာဉ်တန်းများဖြင့် စတင်ထွက်ခွာပြီး လားရှိုးမြို့တော်ခန်းမအနီး အဝိုင်းပတ်မှ တစ်ဆင့် ပြည်ထောင်စုလမ်းမကြီး အတိုင်း မူဆယ်မြို့ဘက်သို့ သွားရာလမ်းမှ ဟိုပိတ်ကျေးရွာ အနီးထိ လှည့်ကင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~