ကယားျပည္နယ္တြင္ ကရင္နီသမိုင္းႏွင့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္အား ကန္႔ကြက္ေၾကာင္း စာျဖန္႔ေဝသူ လူငယ္ ၄ ဦး ပထမဆံုးရံုးထုတ္စစ္ေဆး

ကယားျပည္နယ္တြင္ ကရင္နီသမိုင္းႏွင့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္အား ကန္႔ကြက္ေၾကာင္း စာျဖန္႔ေဝသူ လူငယ္ ၄ ဦး ပထမဆံုးရံုးထုတ္စစ္ေဆး
ဇူလိုင် 11, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ကရင္နီသမိုင္းႏွင့္ ဗိုလ္ခ်ဳပ္ေၾကးရုပ္ထုအား ကန္႔ကြက္ေၾကာင္း စာလိုက္လံ ျဖန္႔ေဝသျဖင့္ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တရားရံုးတြင္ တရားစြဲဆိုခံရသည့္ လူငယ္ (၄) ဦးကို ဇူလိုင္လ (၁၁) ရက္ေန႔တြင္ ပထမဆံုး ရံုးထုတ္စစ္ေဆးေၾကာင္း သိရသည္။

ကရင္နီသမိုင္းႏွင့္ ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အား ကန္႔ကြက္ေသာစာမ်ားျဖန္႔ေဝခဲ့သည့္ ဒီးဒီ၊ ခြန္းေသာမတ္၊ မ်ိဳးလိႈင္ဝင္း၊ ဖိလစ္စိုးေအာင္တို႔ (၄)ဦးအား ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ)(ဂ)ျဖင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တရား႐ုံးက တရားစြဲဆိုလိုက္ျခင္းျဖစ္ၿပီး ၎တို႔အား အာမခံေပးေသာ္လည္း အာမခံ မယူဘဲ အက်ဥ္းေထာင္အတြင္းမွ အမႈအား ရင္ဆုိင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ ျပည္နယ္ရဲ႕ သမိုင္းအမွန္ကိုျဖန္႔တယ္။ ျဖန္႔ေတာ့ အာဏာပိုင္ေတြက ဒီပုဒ္မနဲ႔ တရားစြဲတယ္ေပါ့။ ကြၽန္ေတာ္တို႔ ရင္ဆိုင္ပါမယ္။ ကြၽန္ေတာ္ေျပာခ်င္တာက ဒီျပည္နယ္မွာ ႐ွိတဲ့လူထုေတြအားလုံး ကိုယ့္ရဲ႕သမိုင္း အမွန္ကို သိခြင့္မ႐ွိၾကေတာ့ဘူးလား။ ဒီလိုသိတာကို အဲဒီလို ဖိႏွိပ္တဲ့အတြက္ ကြၽန္ေတာ္တို႔လည္း ရင္ဆိုင္ရဲတယ္။ ရင္ဆိုင္ဖို႔လည္း အခုအာမခံခ်က္ေတြ ဘာေတြ မရဘူး။ ေလွ်ာက္လည္း မေလွ်ာက္ဘူး။ ကြၽန္ေတာ္တို႔ ဒီတိုင္း ဆက္ရင္ဆိုင္သြားမယ္"ဟု ဖမ္းဆီး ထိန္းသိမ္းခံရသည့္ ခြန္းေသာမတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရားစြဲဆိုခံရေသာ လူငယ္ (၄) ဦးအား ဇူလိုင္လ (၁၁) ရက္ေန႔တြင္ ပထမဆုံးအႀကိမ္ ဒီးေမာ့ဆိုၿမိဳ႕နယ္ တရား႐ုံးတြင္ ႐ုံးထုတ္စစ္ေဆးခ့ဲျခင္းျဖစ္ၿပီး  ဒုတိယအႀကိမ္႐ုံးခ်ိန္းအား ဇူလိုင္လ (၂၄) ရက္ေန႔တြင္ ထပ္မံခ်ိန္း ဆိုလိုက္သည္။

ယေန႔တရားရင္ဆိုင္ေနသည့္ လူငယ္ (၄) ဦးအနက္ ဒီးဒီ၊မ်ိဳးလိႈင္ဝင္းႏွင့္ ဖိလစ္စိုးေအာင္တို႔မွာ လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးတြင္ တရားစြဲဆို ခံထားရျခင္းအား ဇူလိုင္လ (၁၂) ရက္ေန႔တြင္ တရားရင္ဆိုင္ ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ (၃)ဦးမွာ  လက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝမႈႏွင့္ ပတ္သက္၍ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ လိြဳင္ေကာ္ၿမိဳ႕နယ္တရား႐ုံးတြင္ ဇူလိုင္လ (၅) ရက္ေန႔က  မ႐ုိစီေက်ာ္၊ မ႐ုိစီးနာ၊ မကာေမးလာ၊ ေမာ္ရား၊ ဖရန္စစၥကို၊ မမူကက္သရင္း၊ လားဘြယ္တို႔ (၇)ဦးႏွင့္ တရားစြဲဆိုခံထားရျခင္းျဖစ္သည္။

ကယားျပည္နယ္တြင္း႐ွိ ၿမိဳ႕နယ္တိုင္းတြင္ ဇြန္လ (၂၆) ရက္ေန႔မွစတင္၍ ကရင္နီလူငယ္မ်ားသမဂၢ၊ ကရင္နီျပည္ေတာင္သူ လယ္သမားသမဂၢ၊ မ်ိဳးႏြယ္စုလူငယ္မ်ား စုေပါင္း၍ လိြဳင္ေကာ္ၿမိဳ႕တြင္ ထား႐ွိမည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေၾကး႐ုပ္ထုတည္ေဆာက္ျခင္းအား ကန္႔ကြက္ေၾကာင္းႏွင့္ ကယား(ကရင္နီ)ျပည္ ၏ ေနာက္ခံသမိုင္းေၾကာင္း အသိေပးစာမ်ားပါဝင္သည့္ လက္ကမ္းစာေစာင္မ်ားအား လိုက္လံေပးေဝျခင္းမ်ား လုပ္ေဆာင္ခဲ့ၾကျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ထုအား ကန့်ကွက်ကြောင်း စာလိုက်လံ ဖြန့်ဝေသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဒီးမော့ဆိုမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံရသည့် လူငယ် (၄) ဦးကို ဇူလိုင်လ (၁၁) ရက်နေ့တွင် ပထမဆုံး ရုံးထုတ်စစ်ဆေးကြောင်း သိရသည်။

ကရင်နီသမိုင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်သောစာများဖြန့်ဝေခဲ့သည့် ဒီးဒီ၊ ခွန်းသောမတ်၊ မျိုးလှိုင်ဝင်း၊ ဖိလစ်စိုးအောင်တို့ (၄)ဦးအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)(ဂ)ဖြင့် ဒီးမော့ဆိုမြို့နယ်တရားရုံးက တရားစွဲဆိုလိုက်ခြင်းဖြစ်ပြီး၎င်းတို့အား အာမခံပေးသော်လည်း အာမခံ မယူဘဲ အကျဉ်းထောင်အတွင်းမှ အမှုအား ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပြည်နယ်ရဲ့ သမိုင်းအမှန်ကိုဖြန့်တယ်။ ဖြန့်တော့ အာဏာပိုင်တွေက ဒီပုဒ်မနဲ့ တရားစွဲတယ်ပေါ့။ ကျွန်တော်တို့ ရင်ဆိုင်ပါမယ်။ ကျွန်တော်ပြောချင်တာက ဒီပြည်နယ်မှာ ရှိတဲ့လူထုတွေအားလုံး ကိုယ့်ရဲ့သမိုင်း အမှန်ကို သိခွင့်မရှိကြတော့ဘူးလား။ ဒီလိုသိတာကို အဲဒီလို ဖိနှိပ်တဲ့အတွက် ကျွန်တော်တို့လည်း ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်ဖို့လည်း အခုအာမခံချက်တွေ ဘာတွေ မရဘူး။ လျှောက်လည်း မလျှောက်ဘူး။ ကျွန်တော်တို့ ဒီတိုင်း ဆက်ရင်ဆိုင်သွားမယ်"ဟု ဖမ်းဆီး ထိန်းသိမ်းခံရသည့် ခွန်းသောမတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရားစွဲဆိုခံရသော လူငယ် (၄) ဦးအား ဇူလိုင်လ (၁၁) ရက်နေ့တွင် ပထမဆုံးအကြိမ် ဒီးမော့ဆိုမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်ရုံးချိန်းအား ဇူလိုင်လ (၂၄) ရက်နေ့တွင် ထပ်မံချိန်း ဆိုလိုက်သည်။

ယနေ့တရားရင်ဆိုင်နေသည့် လူငယ် (၄) ဦးအနက် ဒီးဒီ၊မျိုးလှိုင်ဝင်းနှင့် ဖိလစ်စိုးအောင်တို့မှာ လွိုင်ကော်မြို့နယ် တရားရုံးတွင် တရားစွဲဆို ခံထားရခြင်းအား ဇူလိုင်လ (၁၂) ရက်နေ့တွင် တရားရင်ဆိုင် ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ (၃)ဦးမှာ လက်ကမ်းစာစောင်များ ဖြန့်ဝေမှုနှင့် ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးတွင် ဇူလိုင်လ (၅) ရက်နေ့က မရိုစီကျော်၊ မရိုစီးနာ၊ မကာမေးလာ၊ မော်ရား၊ ဖရန်စစ္စကို၊ မမူကက်သရင်း၊ လားဘွယ်တို့ (၇)ဦးနှင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ကယားပြည်နယ်တွင်းရှိ မြို့နယ်တိုင်းတွင် ဇွန်လ (၂၆) ရက်နေ့မှစတင်၍ ကရင်နီလူငယ်များသမဂ္ဂ၊ ကရင်နီပြည်တောင်သူ လယ်သမားသမဂ္ဂ၊ မျိုးနွယ်စုလူငယ်များ စုပေါင်း၍ လွိုင်ကော်မြို့တွင် ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထုတည်ဆောက်ခြင်းအား ကန့်ကွက်ကြောင်းနှင့် ကယား(ကရင်နီ)ပြည်၏ နောက်ခံသမိုင်းကြောင်း အသိပေးစာများပါဝင်သည့် လက်ကမ်းစာစောင်များအား လိုက်လံပေးဝခြေင်းများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~