
မေ 10, 2018
By 🌸


သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ရဲစခန်း

~~~~~~~~⊰❂ unicode ~~~~~~~~
ဒီးမော့ဆိုမြို့နယ်အတွင်း မူးယစ်ဆေးရောင်းချကြောင်း သတင်းရသည့်နေအိမ်မှ WY ဆေးပြားနှင့် လုပ်သေနတ်ဖမ်းမိ
****************
ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာ ၊ ယပ်ခူရွာသစ်တွင် မူးယစ်ဆေးရောင်းချကြောင်း သတင်းရသည့် နေအိမ်တစ်လုံးမှ WY ဆေးပြားများနှင့် လုပ်သေနက်တစ်လက်အားတို့အား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မေလ ၁၀ ရက်နေ့ နံနက်(၆ )နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ဒီးမော့ဆိုမြို့နယ်၊ လိုဘာခို ကျေးရွာ၊ ယပ်ခူရွာသစ်မှ ဦးအောင်သန်းလင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY ဆေးပြား (၄၄)ပြားနှင့် လုပ်သေနတ် တစ်လက် တို့အား ဖမ်းဆီးရမိသဖြင့် ဒီးမော့ဆိုမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~