မူဆယ္ၿမိဳ႕တြင္ ျဖစ္ပြားေနသည့္ ပစ္ခတ္မႈမ်ားၿငိမ္သက္သြား၍ လူမႈကူညီေရးအသင္းမ်ားက ရွာေဖြကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ေန

မူဆယ္ၿမိဳ႕တြင္ ျဖစ္ပြားေနသည့္ ပစ္ခတ္မႈမ်ားၿငိမ္သက္သြား၍ လူမႈကူညီေရးအသင္းမ်ားက ရွာေဖြကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ေန
မေ 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမဳိ႕ ပန္ခမ္းတံတားဘက္တြင္ ျဖစ္ပြားေနသည့္ ပစ္ခတ္မႈမ်ားမွာ နံနက္ (၉)နာရီေက်ာ္ ဝန္းက်င္တြင္ ၿငိမ္သက္လာၿပီး တပ္မေတာ္က နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ၿပီးျဖစ္သျဖင့္ စြမ္ေဆာ္ရပ္ကြက္တြင္း ဒဏ္ရာရလူနာမ်ားအား လူမႈကူညီေရးအဖြဲ႕မ်ားက ရွာေဖြကယ္ဆယ္မႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

“အေျခအေနကေတာ့ ၿငိမ္သြားၿပီ။ နယ္ေျမရွင္းလင္းေရးလုပ္ၿပီးသြားၿပီ။ အခုေလာေလာဆယ္ လူနာ၊ ေသဆံုး အတိအက်ေတာ့ မသိရေသးဘူး။ ေလာေလာဆယ္ေတာ့ ေသတာ (၁၇)ေယာက္ရိွၿပီလို႔ေတာ့ ဂရုဏာလူမႈကူညီေရးအသင္းက ေျပာတာေတာ့ရိွတယ္။ ကၽြန္ေတာ္တုိ႔ေတာ့ ရွာေဖြကယ္ဆယ္ေရး လုပ္ေနတုန္းပဲ ရိွေသးတယ္”ဟု ခ်ယ္ရီေျမလူငယ္အသင္းမွ ဦးခင္ေမာင္လြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ နံနက္ (၁၀)နာရီဝန္းက်င္တြင္ ေျပာျပသည္။

လတ္တေလာတြင္ စြမ္ေဆာ္ရပ္ကြက္ အပါအဝင္ ပစ္ခတ္မႈျဖစ္ပြားရာ ဧရိယာအတြင္းမွ ဒဏ္ရာရ၊ ေသဆံုးလူနာမ်ားအား ရွာေဖြကယ္ဆယ္ေရးကို ဂရုဏာလူမႈကူညီေရးအသင္း၊ ခ်ယ္ရီေျမလူငယ္အသင္းႏွင့္ ပါရမီလူမႈကူညီေရးအသင္းမ်ားက လုပ္ေဆာင္ေပးေနေၾကာင္း သိရသည္။

မူဆယ္ၿမဳိ႕ - နမ့္ခမ္းၿမိဳ႕ ကားလမ္းမ နမ့္ေပၚပန္ခမ္းတံတားအနီးရွိ ျပည္သူ႔စစ္စခန္းႏွင့္ စယ္လန္႔ေက်းရြာ ထိပ္ရွိ ျပည္သူ႔စစ္စခန္းတို႔တြင္ ၂၀၁၈ ခုႏွစ္ ေမလ (၁၂) ရက္ေန႔ နံနက္ (၅)နာရီမွ (၇)နာရီအထိႏွင့္ နံနက္ (၈)နာရီ (၄၀)မိနစ္တြင္ မူဆယ္ - လားရိႈး ကားလမ္းမေပၚရွိ နမ့္ေပၚတံတားအနီးရွိ တပ္မေတာ္စခန္းတို႔တြင္ TNLA က တုိက္ခိုက္ျခင္းျဖစ္ေၾကာင္း PSLF/TNLA သတင္းႏွင့္ ျပန္ၾကားေရးဌာန၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

သတင္း - အင္မိုင္ခ
ဓါတ္ပံု - ခင္ေမာင္လြင္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ ပန်ခမ်းတံတားဘက်တွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများမှာ နံနက် (၉)နာရီကျော် ဝန်းကျင်တွင် ငြိမ်သက်လာပြီး တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပြီးဖြစ်သဖြင့် စွမ်ဆော်ရပ်ကွက်တွင်း ဒဏ်ရာရလူနာများအား လူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နပြေီဖြစ်ကြောင်း သိရသည်။

“အခြေအနေကတော့ ငြိမ်သွားပြီ။ နယ်မြေရှင်းလင်းရေးလုပ်ပြီးသွားပြီ။ အခုလောလောဆယ် လူနာ၊ သေဆုံး အတိအကျတော့ မသိရသေးဘူး။ လောလောဆယ်တော့ သေတာ (၁၇)ယောက်ရှိပြီလို့တော့ ဂရုဏာလူမှုကူညီရေးအသင်းက ပြောတာတော့ရှိတယ်။ ကျွန်တော်တို့တော့ ရှာဖွေကယ်ဆယ်ရေး လုပ်နေတုန်းပဲ ရှိသေးတယ်”ဟု ချယ်ရီမြေလူငယ်အသင်းမှ ဦးခင်မောင်လွင်က တာချီလိတ်သတင်း အေဂျင်စီသို့ နံနက် (၁၀)နာရီဝန်းကျင်တွင် ပြောပြသည်။

လတ်တလောတွင် စွမ်ဆော်ရပ်ကွက် အပါအဝင် ပစ်ခတ်မှုဖြစ်ပွားရာ ဧရိယာအတွင်းမှ ဒဏ်ရာရ၊ သေဆုံးလူနာများအား ရှာဖွေကယ်ဆယ်ရေးကို ဂရုဏာလူမှုကူညီရေးအသင်း၊ ချယ်ရီမြေလူငယ်အသင်းနှင့် ပါရမီလူမှုကူညီရေးအသင်းများက လုပ်ဆောင်ပေးနေကြောင်း သိရသည်။

မူဆယ်မြို့ - နမ့်ခမ်းမြို့ ကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားအနီးရှိ ပြည်သူ့စစ်စခန်းနှင့် စယ်လန့်ကျေးရွာ ထိပ်ရှိ ပြည်သူ့စစ်စခန်းတို့တွင် ၂၀၁၈ ခုနှစ် မေလ (၁၂) ရက်နေ့ နံနက် (၅)နာရီမှ (၇)နာရီအထိနှင့် နံနက် (၈)နာရီ (၄၀)မိနစ်တွင် မူဆယ် - လားရှိုး ကားလမ်းမပေါ်ရှိ နမ့်ပေါ်တံတားအနီးရှိ တပ်မတော်စခန်းတို့တွင် TNLA က တိုက်ခိုက်ခြင်းဖြစ်ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်း - အင်မိုင်ခ
ဓာတ်ပုံ - ခင်မောင်လွင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~