မွန်ပြည်သစ်ခွဲပါတီ AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့ နိုင်ငံရေး၊ စစ်ရေး အပါအဝင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်

မွန်ပြည်သစ်ခွဲပါတီ AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့ နိုင်ငံရေး၊ စစ်ရေး အပါအဝင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တို့ ၂၀၂၄ခုနှစ် ဧပြီလ (၂၂)ရက်နေ့တွင် ပထမကြိမ်အဖြစ် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေးနှင့် ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)မှ ဧပြီလ (၂၃) ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ယခု ပထမကြိမ်တွေ့ဆုံမှုတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကောင်စီဝင် (၉)ဦး၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)မှ နိုင်ငံရေးနှင့် စစ်ရေး ဦးဆောင်အဖွဲ့ဝင် (၆)ဦးတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

NMSP-ADနှင့် MSFC တို့သည် နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေး အပါအဝင် အခြား ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းအကောင်အထယ်ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် ဆက်လက်ဆွေးနွေးနိုင်ရန် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် လုပ်ငန်းညှိနှိုင်းရေးအဖွဲ့မှ ညှိနှိုင်းသဘောတူညီမှု ရရှိသောလုပ်ငန်းများကို မွန်ပြည်သူများနှင့် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများသို့ ပုံမှန် တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency