ညောင်ဦးမြို့နယ်အတွင်း အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါ မစီးနင်းရဟု အာဏာရှင်ဘက်က အမိန့်ထုတ်

ညောင်ဦးမြို့နယ်အတွင်း အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါ မစီးနင်းရဟု အာဏာရှင်ဘက်က အမိန့်ထုတ်
နိုဝင်ဘာ 21, 2021 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့က ညောင်ဦးမြို့နယ်တွင် နှစ်လတာအတွင်း အမျိုးသားများ ဆိုင်ကယ်နောက်တွင် လိုက်ပါမစီးနင်းရအမိန့်ကြေညာ

အာဏာသိမ်းအဖွဲ့၏ လတ်တလော နယ်မြို့များတွင် ထုတ်ပြန်နေသော အမိန့်တစ်ခုဖြစ်သည့် အမျိုးသားများ ဆိုင်ကယ်နောက် လိုက်ပါမစီးနင်းရအမိန့်ကို မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့မှစ၍ (၂)လအတွင်း အတည်ဖြစ်သည်ဟု ကြေညာလာသည်ကို တွေ့ရသည်။

အမျိုးသားများ ဆိုင်ကယ်စီးနင်းပါက ကိုယ်တိုင်မောင်းနှင်ရမည်ဖြစ်ပြီး ဆိုင်ကယ်နောက်ထိုင်ခုံတွင် အမျိုးသား လိုက်ပါစီးနင်းခွင့်ကို တားမြစ်ချက်ထုတ်သည့် အာဏာသိမ်းအဖွဲ့က ၎င်းတို့၏ စစ်တပ်နှင့်ရဲတပ်ဖွဲ့များကိုမူ အမျိုးသား (၂) ဦး စီးနင်ခွင့်ပြုထားသည်ကို တွေ့ရသည်။

ပြည်သူများအနေဖြင့် အဆိုပါ ထုတ်ပြန်ချက်ကို မလိုက်နာပါက အရေးယူမည်ဟုလည်း ကြေညာထားသည်ကို တွေ့ရသည်။

ပြည်သူ့ဆန္ဒမဲကိုပယ်ဖျက်ပြီး အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ဆန့်ကျင်မှုနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းအဖွဲ့က နိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့များကိုသုံး၍ အကြမ်းဖက်နှိမ်နှင်းနေသည့်အပြင် ထူးဆန်းသည့် အမိန့်များဖြင့်ပါ ပြည်သူများကို ဖိနှိပ်မှုများလုပ်နေသည်ကို တွေ့ရသည်။