ဝမ်းတွင်းမြို့နယ်အတွင်း ကျင်းရွာဒေသတွင် အာဏာသိမ်းစစ်တပ်က တောနင်းရှာဖွေနေ

ပုံအညွှန်း - ဝမ်းတွင်းမြို့နယ် ကျင်းရွာအတွင်း နိုဝင်ဘာလ(၁၃)ရက်နေ့က မီးရှို့ဖျက်ဆီးခံရပုံ
ပုံအညွှန်း - ဝမ်းတွင်းမြို့နယ် ကျင်းရွာအတွင်း နိုဝင်ဘာလ(၁၃)ရက်နေ့က မီးရှို့ဖျက်ဆီးခံရပုံ
ဝမ်းတွင်းမြို့နယ်အတွင်း ကျင်းရွာဒေသတွင် အာဏာသိမ်းစစ်တပ်က တောနင်းရှာဖွေနေ
နိုဝင်ဘာ 14, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ကျင်းရွာဒေသအတွင်း အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေ(၄)နာရီခွဲက စပြီး တောနင်းရှာဖွေမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံက သိရသည်။

ကင်းကျေးရွာတွင် လူတစ်ဦးသတ်ခံရမှု ဖြစ်ပွားပြီးနောက် စစ်သားများက လာရောက်ပြီး ပတ်ရမ်းကာ မီးရှို့သွားမှု ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ အကူးပိုင်းအချိန်ကလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျင်းရွာတွင် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများမှ ဖမ်းဆီးခံရမည်ဆိုး၍  ထွတ်ပြေးရှောင်ပုန်းရင်း မြွေကိုက်၍ ဆေးရုံတက်​ ဆေးကုသနေရသည့် အမျိုးသားတစ်ဦး  ယနေ့ နံနက်က သေဆုံးသွားကြောင်းလည်း သိရသည်။