ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှုးပစ်သတ်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း စစ်မှုထမ်းဥပဒေအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် အုပ်ချုပ်ရေးမှုးပစ်သတ်ခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဇီးအုပ်အုပ်စု၊ ရွှေမြောင်ကျေးရွာမှ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှူးဝင်းကြိုင်အား ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၂၃) ရက်နေ့တွင် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂တပ်ရင်းမှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

ဧပြီလ (၂၃)ရက် နံနက် ၁၀ နာရီခွဲခန့်တွင် သေနတ်ဖြင့် သုံးချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးသည် အာဏာမသိမ်းမီအချိန်က ကြံ့ခိုင်ရေး အမာခံတစ်ဦးဖြစ်ကာ အာဏာသိမ်းပြီးချိန်တွင် အုပ်ချုပ်ရေးမှူးဖြစ်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှုးဘဝတွင် ပြည်သူကို ဒုက္ခအမျိုးမျိုးပေးခြင်း၊ စစ်မှုထမ်းဥပဒေအတွက် အစည်းအဝေးခေါ်၍ ပြည်သူလူထုကို ဖိအားပေးခြင်းနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အကွက်ဆင်ဖမ်းစီးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပတ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်ကြသော အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ရပ်၊ ကျေး ထွေအုပ်စာရေးများနှင့် ပျူစောထီးသတင်းပေးများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပြတ်သားစွာ အရေးယူဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency