မင်္ဂလာဒုံလေတပ်ဝင်းအပါအဝင် စစ်ကောင်စီထောက်တိုင်နေရာများကို ဗုံးခွဲတိုက်ခိုက်

မင်္ဂလာဒုံလေတပ်ဝင်းအပါအဝင် စစ်ကောင်စီထောက်တိုင်နေရာများကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း မင်္ဂလာဒုံလေတပ်ဝင်းနှင့် အင်းစိန်မြို့နယ်ရှိ စုဆောင်းရေးတပ်၊ အင်းစိန် ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို ၂၀၂၄ ခုနှစ် မတ်လ (၂၉)ရက်နေ့ ညပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့ထံမှ သိရသည်။

မင်္ဂလာဒုံလေတပ်ဝင်းကို ည(၈)နာရီနှင့် ည(၈)နာရီ (၁၀)မိနစ်တွင် မင်္ဂလာဒုံလမ်းမကြီး ခရေပင်လမ်း ဒညင်းကုန်းရပ်ကွက် အင်းစိန်မြို့နယ်ရှိ စုဆောင်းရေးတပ်နှင့် အင်းစိန် ဦးပိုင်ယာဉ်ရပ်နားစခန်းတို့ကို ပြင်းအားမြင့်မိုင်းများသုံး၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုအများအပြားရှိနိုင်ကာ ဆေးရုံကားအများအပြားဝင်သွားကြောင်းသိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ပက်သတ်သည့် အဆောက်အအုံများ၊ ရုံးများနှင့် ဝေးရာမှရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံထားသည်။ 

မတ်လ(၂၉)ရက်နေ့၊ ည(၈)နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဥပဒေအား အဓိကထား စီစဉ်ညွှန်ကြားနေသော မြောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနကိုလည်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များက မိုင်း(၃)ကြိမ်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လှိုင်သာယာ အနောက်ပိုင်းမြို့နယ် စစ်မှုထမ်းဆင့်ခေါ်ရေး အခြေခံထောက်တိုင် ရိုလေးကျေးရွာ ရာအိမ်မှူး ညိုဝင်း၏ နေအိမ်နှင့် စစ်ကောင်စီ အသိမှတ်ပြု ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်သည့် အတွင်းပဒံ လူမိုက် ဇော်ဦး၏နေအိမ်တို့ကိုလည်း မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

တိုက်ခိုက်မှုကို Anonymous Fighters Force-AFF၊ Rangoon Urban Force-RUFနှင့် Freeland Attack Force-FLA တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency