နတ်တလင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကျေးရွာကိုမီးရှို့

နတ်တလင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ကျေးရွာကိုမီးရှို့

ပဲခူးတိုင်း နတ်တလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ၂၀၂၃ခုနှစ် ဩဂုတ်လ (၉)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းထံမှ သိရသည်။

နတ်တလင်းမြို့နယ်အရှေ့ဘက် တောင်ညိုဆည်အထက်ပိုင်းရှိ ကြက်ကျေးရွာကင်းစခန်းကုန်းကို စစ်ကြောင်းထိုးလာသည့် အင်အား(၃၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)၊ တပ်ခွဲ(၂)၊ Phoenix DFမှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအပြီး ဒဏ်ရာရစစ်ကောင်စီတပ်သားများကို သယ်ဆောင်ကာ ကြက်မနက်ကျေးရွာမှ ပြန်လည်ဆုတ်ခွါသွားပြီးနောက် ပျဉ်းမခေါင်ကျေးရွာအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

#TachileikNewsAgency