မွန်တိုင်းရင်းသားများ၏ ၇၆ ကြိမ်မြောက် တော်လှန်ရေးနေ့ကို ABSDF၊ KNLA နှင့် PDF တပ်များ တက်ရောက်

မွန်တိုင်းရင်းသားများ၏ ၇၆ ကြိမ်မြောက် တော်လှန်ရေးနေ့ကို ABSDF၊ KNLA နှင့် PDF တပ်များ တက်ရောက်

မွန်တိုင်းရင်းသားလူမျိုးများ၏(၇၆)ကြိမ်မြောက် တော်လှန်ရေးနေ့ကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၃၁)ရက်နေ့တွင် မွန်ပြည်တော်လှန်ရေးတပ်ဦးကော်မတီက ပြုလုပ်ခဲ့ပြီး ABSDF၊ KNLAနှင့် PDF မဟာမိတ်အဖွဲ့အစည်းများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်၊ တန်းတူလွတ်လပ်ခွင့်နှင့် စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ရအောင်ကြိုးစားကြမည်ဖြစ်ကြောင်း ဂတိသစ္စာ ပြုခဲ့ကြသည်ဟုသိရသည်။ 

#TachileikNewsAgency

Photo :ဒေါနစစ်ကြောင်း