ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်အား PDF တပ်များက ကြားဖြတ်တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 

ဟုမ္မလင်းမြို့နယ် သောင်သွပ်စံပြရွာကို စစ်ကူလာသည့် စစ်ကောင်စီတပ်အား PDF တပ်များက ကြားဖြတ်တိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ 
ဇန်နဝါရီ 7, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်ရွာသို့ ဖောင်းပြင်မြို့မှ စစ်ကူထွက်လာသော ခလရ(၂၇၂)စစ်ကြောင်းအား မော်လိုက်ခရိုင်တပ်ရင်းမှ ဇန်နဝါရီလ (၂)ရက်တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦး သေဆုံးပြီး MA-3 (၂)လက်၊ ကျည်မျိုးစုံ (၂၃၀၀)‌ကျော်၊ ဗုံးသီးမျိုးစုံ (၂၀)ကျော်၊ မိုင်း (၂)လုံးနှင့် ကျည်အိမ် (၁၀)ခုကျော်ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ (၅)ရက်နေ့တွင် PDF တပ်များက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ကိုင်းတိုင်းအထူးတပ်ရင်းများ၊ ခရိုင်တပ်ရင်းများ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency