ရွှေဘိုတွင် တပ်သားစုဆောင်းပေးနေသူနှင့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ် ပစ်ခတ်ပြီး ပစ္စတိုတစ်လက် သိမ်းဆည်း

ရွှေဘိုတွင် တပ်သားစုဆောင်းပေးနေသူနှင့် စစ်ကောင်စီတပ်သားများကို ဒေသကာကွယ်ရေးတပ် ပစ်ခတ်ပြီး ပစ္စတိုတစ်လက် သိမ်းဆည်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် စစ်ကောင်စီအတွက် တပ်သားစုဆောင်းပေးခြင်း၊ သတင်းအချက်အလက်ယူပေးခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးတို့အား ၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း Shwebo Crocodile တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းက လဖက်ရည်ဆိုင်ထိုင်နေသည့် စ.အ.ဖ မှ စန်းနိုင်၊ ရဲတပ်ကြပ် အောင်ဖြိုးမင်း၊ စီးပွားစံမံဌာနမှ သန့်ဇင်ဦးတို့အား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စောင့်ကြည့်နေခဲ့တာ ငါးရက်ရှိပြီ မြောင်းကြီးဂိတ်ကို ပိုက်ဆံသွားကောက်ဖို့စုဝေးနေစဉ် လက်ဦးမှုယူနိင်ခဲ့တယ်။ တလရ အင်အားစုရဲ့ သတင်းချက်လက် စုဆောင်းပေးတယ်။ စစ်မှုထမ်းဆောင်ဖို့ မြို့နေလူငယ်များအား ဖိအားပေး စုဆောင်ခြင်းလုပ်တယ်။"ဟု Shwebo Crocodile တပ်ဖွဲ့ကဆိုသည်။

သန့်ဇင်ဦး ဆိုသူသည် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းပျူစောထီးရွာ ဇာတိဖြစ်ပြီး နယ်ခံပြည်သူ့စစ်များထံ သတင်းပေးပို့ကာ ကူညီနေသူဖြစ်သည်ဟု သိရသည်။

၎င်းတို့ထံမှ SIG (၉)မမ တစ်လက်၊ စာရွက်စာတမ်း မှတ်တမ်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ်ခတ်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Crocodile တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Shwebo Crocodile