အာရှလမ်းဟောင်း၊ သင်္ဃန်းညီနောင်-ကော့ကရိတ်လမ်း၊ တောင်ကြာအင်း-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတို့တွင် တိုက်ပွဲဖြစ်နေ

အာရှလမ်းဟောင်း၊ သင်္ဃန်းညီနောင်-ကော့ကရိတ်လမ်း၊ တောင်ကြာအင်း-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတို့တွင် တိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ် အာရှလမ်းဟောင်း၊ သင်္ဃန်းညီနောင်-ကော့ကရိတ်လမ်း၊ တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး လမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း PDF တပ်များအကြား ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ကုန်တင်ကားများ ပိတ်မိနေကြောင်း သိရသည်။

အာရှလမ်းဟောင်း၊ သင်္ဃန်းညီနောင်-ကော့ကရိတ်လမ်း၊ တောင်ကြာအင်း-ကြာအင်းဆိပ်ကြီး လမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်း PDF တပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး တော်လှန်ရေးတပ်များဘက် က မြေပြင်ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

“တော်လှန်ရေးတပ်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရသူတွေရှိပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ အဲဒီလမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်တွေရှိတယ်။ စစ်ကောင်စီတပ်တွေ ရိက္ခာပို့မှာစိုးလို့ လမ်းပိုင်းကို ခေတ္တပိတ်ထားတဲ့ သဘောပါ။”ဟု PDF ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အလံဖြူထောင် လက်နက်ချသူများရှိပြီး စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အံဖ၊ ရွာတန်းရှည်၊ နန်းရွှေမှုံရွာတို့တွင် အရပ်သားများ ထိခိုက်မှုရှိသည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လှိုင်ဝအမြောက်တပ်စခန်းကုန်းမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးနှင့် ပစ်ခတ်နေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : CJ