KNU တပ်မဟာ(၅)နယ်မြေတွင် ဇူလိုင်လ၏ (၁)လတာအတွင်း တိုက်ပွဲပေါင်း (၁၉၀)နီးပါး ဖြစ်ပွားခဲ့

KNU တပ်မဟာ(၅)နယ်မြေတွင် ဇူလိုင်လ၏ (၁)လတာအတွင်း တိုက်ပွဲပေါင်း (၁၉၀)နီးပါး ဖြစ်ပွားခဲ့

 ကရင်အမျိုးသားအစည်းအရုံး( Karen National Union - KNU )၏ တပ်မဟာ(၅)နယ်မြေအတွင်း KNLA နှင့် စစ်ကောင်စီတပ်ပူးပေါင်း နယ် ခြားစောင့်(BGF)တပ်တို့ အကြား ဇူလိုင်လ၏ တစ်လတာအတွင်း တိုက်ပွဲပေါင်း (၁၈၉) ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၄)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က(၁၀၉)ဦးသေကာ  KNLA ဘက်က တပ်ဖွဲ့ဝင်(၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။



ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က စစ်ကောင်စီ၏ ရုံးအဆောက်အဦး (၃)လုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်၏ စစ်ဖက်ဆိုင်ရာ ပစ္စည်းများနှင့် စားနပ်ရိက္ခာများ သယ်ဆောင်လာသည့် ကားတစ်စီးကိုလည်း ဖျက်စီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ရွာအတွင်းနှင့် လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များ အတွင်းသို့ လက်နက်ကြီးပေါင်း (၁၁)လုံး ပစ်ခတ်ခဲ့ပြီး စစ်သုံးတိုက်လေယာဥ်ဖြင့် ဗုံးကြီး (၁၂) လုံးကြဲချခဲ့ရာ အရပ်သား(၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။