ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံ ရရှိ

Photo: Cobra Column
Photo: Cobra Column
 ထိုးစစ်ဆင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ ထပ်မံ ရရှိ

 

ကရင်ပြည်နယ်ရှိ တော်လှန်ရေးပူးပေါင်းစုထိန်းချုပ်ရာနေရာများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲကာ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် နှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Cobra စစ် ကြောင်းထံမှ သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့တွင် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး တိုက်လေယာဉ် (၁)စီးဖြင့် (၃)ကြိမ်ထက် မနည်းပစ်ခတ်၍ စစ်ကြောင်းထိုး‌လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တပ်ပေါင်းစုက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ MA1 (၁)လက်၊ MA2 (၁)လက်၊ MA ကျည်ဘောက် (၃)ဘောက်၊ MA2 ကျည်ဘောက်အဝိုင်း (၁)ခု၊ ၄၀ မမ အသီး (၆)လုံး၊ ၆၀ မမ (၆)လုံး၊ RPG (၁)လုံး၊ နင်းမိုင်း (၄)လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်ကို တပ်မဟာ(၆) KNU/KNLA၊ Cobra စစ်ကြောင်း(၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ ကျားသစ်နက်စစ် ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ ပူး ပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲဘော်များထိခိုက်မှုမရှိခဲ့ဟု သိရသည်။

၂၀၂၃ခုနှစ်၊ ဧပြီလ (၁၈)ရက်နှင့် (၁၉)ရက်တွင်လည်း မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသ၌ စစ်ကောင်စီတပ်က လက်နက် ကြီးပစ်အကူယူ၍ စစ်ကြောင်းထိုးလာရာ ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သေးသည်။