ဇီးကုန်းမြို့မရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်

ဇီးကုန်းမြို့မရဲစခန်းမှ ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ CDM ပြုလုပ်
စက်တင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဇီကုန်းမြို့နယ် ဇီကုန်းမြို့မရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့တွင် CDM ပြုလုပ်လာကြောင်း သာယာဝတီခရိုင်တပ်ရင်း(၃၈၀၁) တပ်ခွဲ(၁) YOMA GBK၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

အဆိုပါ ရဲတပ်သား ဇင်ထက်အောင်သည် ခြေမှုန်းရေးမောင်းပြန် (G4) တစ်လက်၊ ကျည်ဘောက် (၄)ခု၊ ကျည် (၁၁၅)တောင့်နှင့်အတူ CDM ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ငွေကျပ်သိန်း(၃၀)ဆုချီးမြှင့်သွားမှာပါ။ လက်ရှိတော့ CDM ရဲတပ်သားကို ကျွန်တော်တို့တပ်ဖွဲ့က (၃)ကြိမ်မေးပါတယ်ဗျ။ အလုပ်အကိုင်နဲ့ ဘယ်နရာဒေသကို သွားချင်လဲမေးပါတယ်။ သူလည်း လုံခြုံစိတ်ချရမယ့် ထိုင်းတို့၊ မြဝတီ၊ မဲဆောက်တို့မှာ အလုပ်လုပ်ကိုင်ချင်တယ်ဆိုလည်း တာဝန်ယူပြီး ပို့ဆောင်ပေးပါမယ်လို့ ပြောတာကို သူကကျွန်တော်တို့ တော်လှန်းရေးအင်အားစုနဲ့ ပြည်သူအတွက် အသက်ကိုပေးဆပ်ပြီး အမှားတွေအတွက် လက်တွဲပြီး တိုက်ပွဲဝင်မယ်လို့ပြောပါတယ်။"ဟု တပ်ရင်း(၃၈၀၁) တပ်ခွဲ(၁)မှ တပ်ခွဲမှူး ကိုကရင်လေးက Tachileik News Agency ကိုပြောသည်။

အဆိုပါ CDM ပြုလုပ်လာသည့် ရဲတပ်သားအား လုံခြုံစိတ်ချရသည့်နေရာတွင်ထားပြီး ဆုချီးမြှင့်ပေးနိုင်ရန် MODထံ တင်ပြထားသည်ဟု သိရသည်။

#TachileikNewsAgency