KNDF နှင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

KNDF နှင့် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
ဒီဇင်ဘာ 13, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ်တွင် ကရင်နီတပ်မတော် (KA)နှင့်လက်တွဲ၍ တိုက်ခိုက်နေသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက  အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်နေသည့်တပ်ဖွဲ့ဖြစ်ကြောင်း ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည်  စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကြီးကြပ်မှု အောက်တွင် စနစ်ကျသော ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာသော မူဝါဒများဖြင့် ‌ ရပ်တည်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 KNDF သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) နှင့်လည်း မြေပြင်စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#TachileikNewsAgency