လွိုင်ကော်မြို့ပေါ်  မိုင်းလုံးရပ်ကွက်တွင်  အာဏာသိမ်းစစ်တပ်က ပစ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျ၍ (၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ

လွိုင်ကော်မြို့ပေါ်  မိုင်းလုံးရပ်ကွက်တွင်  အာဏာသိမ်းစစ်တပ်က ပစ်သည့် လက်နက်ကြီးကျည် နေအိမ်ပေါ်ကျ၍ (၁)ဦးသေ၊ (၅)ဦးဒဏ်ရာရ
ဇန်နဝါရီ 7, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်တွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ နံနက်ပိုင်းက အာဏာသိမ်းစစ်တပ် ပစ်လိုက်သည့် လက်နက်ကြီးကျည် နေအိမ်တစ်လုံးပေါ်ကျ၍ မိသားစုဝင် (၅) ဦး ဒဏ်ရာရသွားပြီး (၁) ဦးသေဆုံးသွားကြောင်း သိရသည်။



ယနေ့ နံနက်ပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်က လူနေရပ်ကွက်များကိုပါ လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး လက်နက်ထိမှန်သေဆုံးနေသည့် ရုပ်အလောင်းအချို့ကိုလည်း ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေဆဲဖြစ်၍ တိုက်ပွဲများပြင်းထန်နေရာ လွိုင်ကော် - ရှားတောလမ်းကို အများပြည်သူလုံခြုံရေးအတွက် ယနေ့ ဇန်နဝါရီလ (၇) ရက်နေ့မှ ဇန်နဝါရီလ (၁၃) ရက်နေ့အထိ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားကြောင်း KNDF B 14 က ယနေ့ ထုတ်ပြန်ကြေညာထားသည်။