ကယားပြည်နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲ၌ တိုင်ကြားစာ(၇)စောင် လက်ခံရရှိ

ကယားပြည်နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲ၌ တိုင်ကြားစာ(၇)စောင် လက်ခံရရှိ
ဇန်နဝါရီ 15, 2020
By Tachileik News Agency
ကယားပြည်နယ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲ၌ တိုင်ကြားစာ(၇)စောင် လက်ခံရရှိ 

(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ တက်ရောက်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကို လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၌ ကျင်းပရာ တိုင်ကြားစာ (၇)စောင် လက်ခံရရှိကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲပြုလုပ်မည့် ကယားပြည်နယ် ခန်းမရှေ့တွင် ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းမှစ၍ ညနေ (၄)နာရီအထိ တိုင်ကြားစာများ လက်ခံပေးသည့်နေရာကို ပြုလုပ်ပေးထားရာ တိုင်ကြားစာ (၇) စောင် လက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။

"စောစောက မသိလိုက်ကြတာလည်း ပါမယ်။ တိုင်ချင်တဲ့ကိစ္စတွေရော တိုင်ချင်တဲ့သူတွေရော တစ်ပုံကြီးပဲ။ နီးကပ်မှဆိုတော့ ပြင်ဆင်ချိန် မရလိုက်တာလည်းရှိမယ်။ အခမ်းအနားထဲ သူတို့ဝင်ခိုင်းတဲ့သူမှ ဝင်လို့ရတာ။ ကျွန်တော်တို့ဆို တကယ့်ပြည်သူလေ။ တွေ့ချင်တာလေ။ တိုက်ရိုက်ပြောချင်တာ ဝင်ခွင့်မရခဲ့ဘူး။ တိုင်စာလည်း ကြိုမသိတော့ အဆင်မပြေတော့ဘူး " ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲအား ဇန်နဝါရီလ (၁၅) ရက်နေ့ နေ့လယ်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရမှ ထုတ်ပေးသော စတစ်ကာပါဝင်သောသူများသာ ဝင်ရောက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ  - ဆန်းဖြိုးထွန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~