ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေ
ဖေဖော်ဝါရီ 22, 2020
By Tachileik News Agency
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲတွင် တာချီလိတ်အသင်း ဝင်ရောက် ယှဉ်ပြိုင်နေ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား ၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲကို  ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၇)ရက်နေ့အထိ တောင်ကြီးမြို့တွင် ကျင်းပနေရာ တာချီလိတ်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေပြီဖြစ်သည်။

ကျွန်တော်တို့ကတော့ ဖိုင်နယ်အထိ မှန်းထားတာပေါ့။ ဒါပေမဲ့ တစ်သင်းနဲ့တစ်သင်း ယှဉ်ပြိုင်နေတဲ့ အနေ အထားလေးတွေ ပြန်ကြည့်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဖိုင်နယ်အထိ မှန်းထားပါတယ်။ ကျွန်တော်တို့ တာချီလိတ်မှာ ဖူဆယ်ထူးချွန်တဲ့လူငယ်လေးတွေ များတယ်ဗျ။ ဒါပေမဲ့ ခရိုင်အဆင့်တွေမှာ ပါဝင်ဖို့တော့ အခုထက် ပိုပြီး ပါဝင်စေချင်တယ်

ဟု ဖူဆယ်အသင်း၏နည်းပြဖြစ်သူ တာချီလိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးဇော်မျိုးထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ ပြည့်နှစ် ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် လားရှိုး၊ လွိုင်လင်နှင့် ကျိုင်းတုံ၊ အုပ်စု(ခ)တွင် တောင်ကြီး၊ ကျောက်မဲနှင့် တာချီလိတ်၊ အုပ်စု(၈)တွင် မိုင်းဆတ်၊ လင်းခေးနှင့် မူဆယ်၊ အုပ်စု(ဃ)တွင် ဟိုပန်၊ လောက်ကိုင်နှင့် မိုးမိတ်အသင်းတို့ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ကွာတားပွဲစဉ်များကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့နှင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးဗိုလ်လုပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ညနေ(၃) နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ANPP

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~